စစ်ကိုင်းတွင် လက်နက်ကိုင်အဖွဲ့ဝင်များက “တိက္ခဇေယျာ”ထိုင်ဝမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ငွေ၊ဖုန်းများနှင့်ကျောင်းပိုင်ကားတို့အား ခြိမ်းခြောက်ယူဆောင်သွား

0
303

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့နယ်၊ကင်းကျေးရွာရှိ “တိက္ခဇေယျာ” ထိုင်ဝမ်ဘုန်းတော်ကြီးသင်ပညာ ရေးကျောင်းမှ ငွေ၊ဖုန်းများနှင့်ကျောင်းပိုင်ကားတို့အား နိုဝင်ဘာ ၂၃ ဝင်ရောက်လာကာ ခြိမ်း ခြောက်လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

ယင်းနေ့နေ့လည် ၁ နာရီခန့်က လက်နက်ကိုင်အဖွဲ့ဝင်များသည် ဆိုင်ကယ် ၄ စီးဖြင့် “တိက္ခဇေယျာ” ထိုင်ဝမ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ရောက်ရှိလာကာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာသာမိ၏ အခန်းတွင်းစားပွဲပေါ်မှ လက်ဆွဲ အိတ်အတွင်းရှိ ငွေကျပ်သိန်း ၃၀၀ နှင့်ဘုန်းကြီး ကျောင်းတွင်ရောက်ရှိနေသည့် ဒေါ်အုန်း(၇၂)နှစ်၊ ဒေါ်သန်း(၆၁)နှစ်၊ ဒေါ်ကျင်စော (၆၀)နှစ်နှင့်ဒေါ်သူဇာဝင်း(၄၃)နှစ်တို့၏ ဖုန်း ၄ လုံးတို့အားလု ယက်၍ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

ထို့ပြင် မွန်းလွဲ ၂ နာရီ၌ လက်နက်ကိုင်အဖွဲ့ဝင်များက ဘုန်းတော်ကြီးကျောင်းသို့ ထပ်မံရောက်ရှိလာပြီးနောက် ကျောင်းဝန်းအတွင်းရပ်ထားသည့် ဘုန်းကြီးကျောင်းပိုင် ALPHARD ကားအား လု ယက်မောင်းနှင်သွားခဲ့ကြသည်။

ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ဘုန်းကြီး ကျောင်းပိုင် ငွေ၊ဖုန်းများနှင့်ကျောင်းပိုင်ကားတို့အား လုယက်ယူဆောင်သွားသူများကို ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here