ဧပြီ (၁) ရက်မှ နိုဝင်ဘာလထိ လုပ်ငန်းသုံးကုန်ကြမ်း ကန် ဒေါ်လာ ၄၉၃၄ သန်းဖိုး ပြည်ပနိုင်ငံများမှ တင်သွင်းထား

0
544

၂၀၂၂ – ၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ နိုဝင်ဘာလ (၁၁) ရက်အထိ ပြည်ပနိုင်ငံများမှ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းတင်သွင်းမှု အနေဖြင့် အမေရိကန်ဒေါ်လာ ၄,၉၃၄ သန်းဖိုး တင်သွင်းထားကြောင်း စီးပွားကူးသန်း ဝန်ကြီး ဌာနမှ သိရသည်။

ယင်းသို့ တင်သွင်းရာတွင် နိုင်ငံပိုင် ကဏ္ဍအနေဖြင့် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ (၇၂) သန်းဖိုး တင်သွင်းထားပြီး ပုဂ္ဂလိကပိုင် ကဏ္ဍအနေဖြင့် တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၄၈၆၂ သန်းဖိုး တင်သွင်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံပေါင်း (၂၀) ဝန်းကျင်မှ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍအတွက် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ တင်သွင်းခဲ့ခြင်းဖြစ် ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန ကုန်သွယ်မှု ဦးစီး ဌာနတာဝန်ရှိသူ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံပိုင်သတင်းဌာနမှ သတင်းထုတ်ပြန်ထားသည်။

ယင်းသို့ တင်သွင်းခဲ့မှုမှာ ၂၀၂၂ ခုနှစ် ဧပြီ (၁) ရက်မှ နို ဝင်ဘာ (၁၁) ရက်အထိ တင်သွင်းခဲ့သည့် ကုန်ကြမ်း ပစ္စ ည်းများမှာ စက်မှုလုပ်ငန်းအတွက် ချည်မျှင်နှင့် အထည်အလိပ်များ ၊ စက်သုံးဆီနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် ဆောက်လုပ်ရေး လုပ်ငန်းများအတွက် ဘိလပ် မြေနှင့် အိမ်ဆောင်ပစ္စည်များ ကိုလည်း တင်သွင်းခဲ့ကြောင်း ကုန်သွယ်မှုဦးစီးဌာန တာဝန်ရှိသူက ပြောကြားထားသည်။

စိုက်ပျိုးရေးလုပ်ငန်းများအတွက် ဓာတ်မြေဩဇာနှင့် ပိုး သတ်ဆေးစသည့် သွင်းအားစုပစ္စည်းများတင်သွင်းနေပြီး စားသောက်ကုန်လုပ်ငန်းများအတွက် ဂျုံနှင့် စားသုံးဆီများ တင်သွင်းလျက်ရှိကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများမှ ကုန်ပစ္စည်းတင်သွင်းမှုတွင် ရေနံထွက်ပစ္စည်း တင်သွင်းမှု သ ည် ပထမနေရာတွင်ရှိပြီး ချည်မျှင်နှင့်အထည်အလိတ်တင်သွင်းမှုသည် ဒုတိယနေရာတွင် ရှိနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here