ကန်ကျနဘူရီခရိုင်တွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၁၇ ဦးဖမ်းဆီးခံရ

0
227

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ရန် တရားမဝင် ဝင်ရောက် လာသည့် မြန်မာနိုင်ငံသား ၁၇ ဦးသည် ကန်ကျနဘူရီခရိုင်၌ နိုဝင်ဘာ ၂၃ ရက်ညပိုင်းက ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့ည ၁၁ နာရီကျော်ခန့်က ကန်ကျနဘူရီခရိုင်၊စန်ခဘူရီမြို့၊နောင်လူကျေးရွာတွင် တရားမဝင်ဝင်ရောက်လာသူများရှိနေကြောင်း သတင်းအ ရ တာဝန်ရှိသူများကရှာဖွေဖမ်းဆီးရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ထိုသို့ ပြုလုပ်စဥ် မောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီးအားတွေ့ရှိရသဖြင့် တားဆီးစစ်ဆေးရာ ကားပေါ်မှတရားမဝင်ဝင်ရောက်လာသည့် မြန် မာနိုင်ငံသား ကလေးငယ်တစ်ဦးအပါအဝင် အ မျိုးသား ၁၀ ဦးနှင့်အမျိုးသမီး ၇ ဦးတို့အား ဖမ်း ဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများအားစစ်ဆေးချက်အရ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် ပွဲစားခအဖြစ် တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် စန်ခဘူရီမြို့ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here