ကင်မ်ဂျုံအန်း၏ညီမဖြစ်သူက တောင်ကိုရီးယားသမ္မတအား “ကြပ်မပြည့်သူ ဟုရှုံ့ချ

0
245

ဆိုးလ်၊နိုဝင်ဘာ ၂၄

မြောက်ကိုရီးယား၌ ဩဇာညောင်းသူတစ်ဦးဖြစ်သည့် ကင်မ်ဂျုံအန်း၏ညီမဖြစ်သူက တောင်ကိုရီးယားသမ္မတနှင့်အစိုးရအား ကြပ်မပြည့်သူများဟုဆိုကာ အမေရိက၏သစ္စာခံသူများဟု ရင့်ရင့်သီးသီးသုံးနှုန်းပြောဆိုတိုက်ခိုက်ခဲ့သည်။

တောင်ကိုရီးယားဘက်မှ မြောက်ကိုရီးယား၏တိုက်ချင်းပစ်ဒုံးနှင့်ဒုံးကျည်စမ်းသပ်မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ထပ်တိုးမည်ဟု ကြေငြာလိုက်ချိန်တွင် ၎င်းကယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဒီလိုရွံ့ရှာဖွယ်လုပ်ရပ်က တောင်ကိုရီးယားအဖွဲ့ဟာ အမေရိကရဲ့သစ္စာစောင့်ဘဝနဲ့လက်ကိုင်တုတ်ဘဝကို ရောက်နေတယ်ဆိုတာထင်ရှားပါတယ်” ဟု ကင်မ်ရိုဂျွန်ကပြောကြားခဲ့သည်။

၎င်းနောက် တောင်ကိုရီးယားသမ္မတမစ္စတာယွန်းဆော့ယော်သည် အန္တရာယ်ရှိသော အခြေအနေတစ်ခုကိုဖန်တီးနေသည်ဟုလည်း စွပ်စွဲခဲ့သည်။ယခင်သမ္မတမစ္စတာ မွန်းဂျယ်အင်းနှင့်နှိုင်းယှဉ်၍လည်း မရနိုင်ကြောင်းဆိုခဲ့သည်။

သို့သော်မြောက်ကိုရီးယားသည် သံတမန်ရေးရာ၌အားနည်းပြီး နိုင်ငံတကာခေါင်းဆောင်များအား ရင့်ရင့်သီးသီးပြောဆိုဆက်ဆံလေ့ရှိသည့် သမိုင်းကြောင်းရှိသည်ဟုလည်း ကျွမ်းကျင်သူပညာရှင်များကသုံးသပ်ပြောဆိုကြသည်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင် သမ္မတရာထူးမရခင်ကလည်း ယခုကဲ့သို့ပင်ပြောဆိုဆက်ဆံခဲ့ဖူးပြီး သမ္မတဟောင်းမစ္စတာ ဒေါ်နယ်ထရန့်ကိုလည်း “စိတ်မနှံ့သူ’ ဟုခေါ်ဆိုခဲ့ဖူးသေးသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here