သင်္ဘောအချင်းချင်း လောင်စာရည်ဖြည့်တင်းခြင်းဝန်ဆောင်မှု ရှန်းကျန်ဆိပ်ကမ်းတွင် စတင်

0
211

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံးပြည်နယ်ရှိ ရှန်းကျန်မြို့ Yantianဆိပ်ကမ်းဝယ် LNG(သဘာဝဓာတ်ငွေ့အရည်) လောင်စာရည်တင်သင်္ဘောမှ အခြားသင်္ဘောများဆီသို့ လောင်စာရည်ဖြည့်တင်းပေးခြင်းဝန်ဆောင်မှုကို ဗုဒ္ဓဟူးနေ့က ပထမဆုံးစတင်ဆောင်ရွက်ခဲ့သည်။

LNG အရည် ကုဗမီတာ ၇၀၀၀ ခန့်ကို ၆ နာရီခန့်အချိန်အတွင်း ဖြည့်တင်းပေးနိုင်ခဲ့သည်။

ထို့ကြောင့် Yantian ဆိပ်ကမ်းသည် စင်ကာပူဆိပ်ကမ်း၊ နယ်သာလန်ရှိ ရော့တာဒမ် ဆိပ်ကမ်းများနှင့် တရုတ်နိုင်ငံမှ ရှန်ဟိုင်းဆိပ်ကမ်းတို့ပြီးလျှင် LNG လောင်စာရည်ဖြည့်ဝန်ဆောင်မှုပေးစွမ်းနိုင်သည့် ကမ္ဘာ့ စတုတ္တမြောက်ဆိပ်ကမ်း ဖြစ်လာခဲ့သည်။

Ref: China’s tech hub Shenzhen realizes ship-to-ship LNG refueling operation


LEAVE A REPLY

Please enter your comment!
Please enter your name here