မြန်မာအလုပ်သမား ၁၁၀ ဦး ကိုရီးယားနိုင်ငံသို့ထွက်ခွာ

0
265

မြန်မာအလုပ်သမား ၁၁၀ ဦးသည် ကိုရီးယားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် နိုဝင်ဘာ ၂၄ ရက်က ထွက်ခွာသွားခဲ့ကြကြောင်း ကိုရီးယားနိုင်ငံဆိုင် ရာ မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

မြန်မာအလုပ်သမား ၁၁၀ ဦးအား ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်လိုင်စင်ရအေဂျင်စီများမှ EPS စနစ်ဖြင့် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကုန်ထုတ်လုပ်သားသစ် ၇၃ ဦး၊ CBT ကုန်ထုတ် လုပ်သား ၉ ဦး၊ Re-entry ကုန်ထုတ်လုပ်သား ၃၇ ဦး(စုစုပေါင်း ၁၁၀ ဦး)တို့ ကိုရီးယားနိုင်ငံသို့ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်လေဆိပ်မှထွက်ခွာလာသည့် မြန်မာအ လုပ်သမားများအား အင်ချွန်းလေဆိပ်၌ မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြို ဆို၍ အလုပ်သမားများသိရှိလိုက်နာသင့်သည့် အ ချက်များကိုမှာကြားကာ လိုအပ်သည်များကိုကူ ညီပံ့ပိုးပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here