စင်္ကာပူဝန်ကြီးချုပ်က မလေးဝန်ကြီးချုပ်အသစ်အားလာရောက်လည်ပတ်ရန်ဖိတ်ခေါ်

0
172

စင်္ကာပူ၊နိုဝင်ဘာ ၂၅

စင်္ကာပူဝန်ကြီးချုပ်လီရှန်လွန်းသည် မကြာသေးမီကဝန်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသော မလေးဝန်ကြီးချုပ်မစ္စတာ အန်နဝါအီဘရာဟမ်အား ဖုန်းနှင့်စကားပြောခဲ့ပြီး မကြာမီအချိန်၌ စင်္ကာပူသို့လာရောက်လည်ပတ်ရန်ဖိတ်ကြားခဲ့သည်။

စကားပြောနေစဉ်၌လည်း မစ္စတာလီသည် မစ္စတာအန်နဝါအနေဖြင့် မလေး၏ ၁၀ ဦးမြောက်ဝန်ကြီးချုပ်ဖြစ်လာခြင်းအတွက် ဂုဏ်ယူပါကြောင်းပြောကြားခဲ့သည်။

“တကယ်တော့စင်္ကာပူနဲ့မလေးရှားဟာ ရင်းနှီးပြီးသားမိတ်ဖက်နိုင်ငံတွေပါ၊ကျွန်တော်တို့နိုင်ငံတွေဟာ သမိုင်းကြောင်းအရ ယဉ်ကျေးမှုနဲ့လူမှုရေးဆိုင်ရာ ခိုင်မာတဲ့ဆက်ဆံရေးတွေနဲ့ ကြာရှည်ချစ်ကြည်ရင်းနှီးမှုတွေရှိပြီးသားပါ” ဟု မစ္စတာလီကပြောကြားခဲ့သည်။

“ကျွန်တော့်အနေနဲ့ မစ္စတာအန်နဝါအပြင် အစိုးရအသစ်နဲ့ပါ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နေပါတယ်” ဟုလည်း မစ္စတာလီကပြောကြားခဲ့သည်။

မစ္စတာလီ၏တွစ်တာပို့စ်မှဝမ်းမြောက်ကြောင်းအား မစ္စတာအန်နဝါကပြန်လည်တုံ့ပြန်ရာ၌ အာဆီယံ၏ရင်းနှီးသောအိမ်နီးချင်းနိုင်ငံများအနေဖြင့် မလေးနှင့်စင်္ကာပူတို့သည် အလွန်ချစ်ခင်ရင်းနှီးပြီး ပြည်သူချင်းရင်းနှီးမှုလည်းရှိသည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် မလေး – စင်္ကာပူနှစ်နိုင်ငံဆက်ဆံရေးအား ယခုထက်ပိုခိုင်မာစေရန်အတွက် ဆွေးနွေးနိုင်ရန် မစ္စတာလီနှင့်မြန်နိုင်သမျှမြန်မြန် တွေ့ဆုံနိုင်ရန်ကြိုးပမ်းမည်ဟုလည်းပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here