ဂျပန် – မြန်မာအသင်း ဥက္ကဋ္ဌ မစ္စတာဝါတာနာဘေးနှင့် နစက ဒုဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ တွေ့ဆုံကာ မြန်မာ့အရေးဆွေးနွေး

0
218

နစက အစိုးရက သီရိပျံချီဘွဲ့ချီးမြှင့်ထားသည့် ဂျပန် – မြ န်မာ အသင်းဥက္ကဋ္ဌ မစ္စတာ ဝါတာနာဘေးက နစက ဒုတိဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လာရောက်တွေ့ ဆုံကာ မြန်မာ့အရေးဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ (၂၄) ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီရုံးတွင် လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဂျပန် – မြန်မာအသင်းအနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ ၊ ဂျပန်နိုင်ငံအနေဖြင့် စီးပွားရေးရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် သီလ ဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုနှင့် ရှေ့လုပ်ငန်းစဉ်များကို ဦးတည်ချက်အတိုင်း ဆောင်ရွက်နေမှုအခြေအနေများ ၊ ပြည်တွင်း ပြည်ပ နိုင်ငံရေး ၊ စီးပွားရေးအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဂျပန် – မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်ခဲ့သည့်အတွက်ဟုဆိုကာ မ စ္စတာဝါတာနာဘေးအား  နစက အစိုးရက နိုဝင်ဘာ (၁၉) ရက်တွင် သီရိပျံချီဘွဲ့ ပေးအပ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ်သည်။

နစက၏ အဆိုအရ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါ င်းဆောင်ရွက်ခဲ့မှုကြောင့် အဆိုပါ သီရိပျံချီဘွဲ့တံဆိပ် ချီး မြှင့်ရခြင်းဖြစ်ကြောင်း သိရသည်။

ယနေ့ နိုဝင်ဘာ (၂၄) ရက် နံနက်ပိုင်း နစက ဥက္ကဋ္ဌနှင့်တွေ့ ဆုံရာတွင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဂျပန် – မြန်မာ အသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး Mr. Yusuke Watanabe တို့ တ က်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here