အမြောက်တပ်ဆင်ထားသည့် တရုတ်သင်္ဘော ဂျပန်ရေပိုင်နက်အတွင်းသို့ဝင်ရောက်လာဟုဆို

0
215

တိုကျို၊နိုဝင်ဘာ ၂၅

မြင်ဖူးသမျှထဲတွင် အကြီးဆုံးအမြောက်တပ်ဆင်ထားသည့် တရုတ်ကမ်းခြေစောင့်သင်္ဘောတစ်စင်းသည် အရှေ့တရုတ်ပင်လယ်ရှိ ဆန်းခခု ကျွန်းစုများအနီး ဂျပန်ရေပိုင်နက်အတွင်းသို့ သောကြာနေ့ကဝင်ရောက်ခဲ့ကြောင်း ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။

ကမ်းခြေစောင့်သင်္ဘောအပါအဝင် တရုတ်ကမ်းရိုးတန်းစောင့်ရေယာဉ်လေးစင်းအား တိုကျိုကထိန်းချုပ်ထားသော်လည်း ပေကျင်းကမူ ၎င်းပိုင်ဆိုင်သည်ဟု အခိုင်အမာပြောကြားထားသည့် လူမနေသည့်ကျွန်းငယ်များအနီးရှိရေပြင်၌ တွေ့ရှိခဲ့ရသည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့ကပြောကြားခဲ့သည်။

တရုတ်သင်္ဘောနှစ်စင်းသည် သောကြာနေ့နံနက် ၂ နာရီ ၃၅ မိနစ်ခန့်တွင် ဂျပန်ရေပိုင်နက်အတွင်းသို့ဝင်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီခန့်တွင် ၇၆ – မမ အမြောက်တပ်ဆင်ထားသည့် သင်္ဘောတစ်စင်းအပါအဝင် နောက်ထပ်နှစ်စင်းထပ်မံရောက်ရှိလာသည်ဟု ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့၏ထုတ်ပြန်ချက်တွင်ပါရှိသည်။

ထို့ကြောင့်ဂျပန်ကင်းလှည့်သင်္ဘောများမှ အဆိုပါသင်္ဘောလေးစင်းအား မိမိတို့ရေပိုင်နက်မှအမြန်ဆုံးထွက်ခွာရန်အမိန့်ပေးခဲ့ရာ ရေပိုင်နက်အပြင်ဘက်သို့ လေးစင်းလုံးပြန်လည်ထွက်ခွာသွားခဲ့သည်ဟုပြောကြားခဲ့သည်။

ဂျပန်ရေပိုင်နက်အတွင်းသို့ တရုတ်သင်္ဘောများယခုကဲ့သို့ဝင်ရောက်လာခြင်းသည် ယခုနှစ်အတွင်း ၃၂ ကြိမ်ရှိပြီဖြစ်ကြောင်းသိရှိရသည်။

ထို့ကြောင့် ယနေ့ပြုလုပ်သောသတင်းစာရှင်းလင်းပွဲ၌ ဂျပန်အစိုးရအဖွဲ့အတွင်းဝန် မစ္စတာ ဟီရိုခဇု မာဆုနို ကမူ တရုတ်ကမ်းခြေစောင့်တပ်၏ ရေကြောင်းသွားလာရေးလုပ်ဆောင်မှုသည် နိုင်ငံတကာဥပဒေကိုချိုးဖောက်သည်ဟုလည်းပြောကြားခဲ့သည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here