မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်မှတဆင့် ထိုင်းနိုင် ငံသို့ နေ့စဥ်ပို့ကုန်ကားစီးရေ ၇၀ ခန့်ဖြင့်ကုန်သွယ်မှုပြုလုပ်လျက်ရှိ

0
283

မြန်မာ-ထိုင်းနယ်စပ် မြဝတီကုန်သွယ်ရေးဇုန်မှတဆင့် ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့ရာတွင် နေ့စဥ်ပို့ကုန်ကားစီးရေ ၇၀ ခန့်ဖြင့်ကုန်သွယ်မှုပြုလုပ်လျက်ရှိကြောင်း မြဝတီကုန်သွယ်ရေးဇုန်မှ သိရသည်။

“နေ့စဥ်ပို့ကုန်စီးရေ ၆၀ ကျော် ၇၀ လောက်ထိုင်းကိုသွားတယ် ပို့ကုန်တင်ပို့မှုပိုပြီးတိုးတက်လာပါတယ် သွင်းကုန်ကတော့ ပုံမှန်အတိုင်းနေ့စဥ်ကားစီးရေ ၃၀၀ ကျော်လောက်နဲ့ကုန်သွယ်မှုလုပ်နေပါတယ်”ဟု မြဝတီကုန်သွယ်ရေးဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ထိုင်းနိုင်ငံသို့ မြန်မာနိုင်ငံဘက်မှ ကြက်သွန်နီ၊င ရုတ်သီးခြောက်၊ဆန်မှုန့်၊ဝဥ၊ရေထွက်ပစ္စည်းများ၊ဂျင်းခြောက်နှင့် CMP ပစ္စည်းများအား ပို့ကုန်အ ဖြစ်တင်ပို့လျက်ရှိကြောင်း သိရသည်။

ထို့ပြင် သွင်းကုန်အနေဖြင့် ဆေးနှင့်ဆေးဝါးပ စ္စည်းများ၊စိုက်ပျိုးရေးသုံးပစ္စည်းများ၊စား သောက်ကုန်များ၊အထည်အလိပ် CMP များ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊တရုတ်နိုင်ငံထုတ်စက်ဘီးများ၊ကားအပိုပစ္စည်းများ၊ဆိုင်ကယ်အပိုပစ္စည်းများ၊စက်ရုံသုံးကုန်ကြမ်းပစ္စည်းများ၊စက်နှင့်စက်ပစ္စည်းများအပြင် ကုန်စုံများအားတင်သွင်းလျက်ရှိကြောင်း သိရသည်။

“ကုန်သွယ်မှုမှာ သွင်းကုန်ကနေ့စဥ် အမေရိကန်ဒေါ်လာ ၄ သန်းနဲ့ ၅ သန်းလောက်ရှိတယ် ပို့ကုန်ကတော့တက်လာတယ် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ၂ သန်းလောက်ရှိတယ် ကုန်သွယ်မှုပမာဏကတော့မကျပါဘူး”ဟု မြဝတီကုန်သွယ် ရေးဇုန်မှတာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိအချိန်၌ ပွင့်လင်းရာသီရောက်လာပြီဖြစ်ကာ ပဲအမျိုးမျိုးပေါ်ချိန်ဖြစ်၍ ထိုင်းနိုင်ငံသို့ ပို့ကုန်တင်ပို့ရာတွင် ပဲအမျိုးမျိုးကိုလည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“အရောင်းအဝယ်လုပ်တဲ့နေရာမှာ ဗဟိုဘဏ်ကခွင့်ပြုပေးထားတဲ့ ဘဏ်တွေကပဲလုပ်ကြတယ် ပို့ကုန်ကော သွင်းကုန်ကောကို တရားဝင်ဘဏ်ကနေပဲ အရောင်းအဝယ်လုပ်ကြတယ် ဒါတွေကစ နစ်အမှန်တွေပါ”ဟု မြဝတီကုန်သွယ်ရေးဇုန်မှတာ ဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here