ထိုင်းနိုင်ငံ တံတားပေါ်မှခုန်ချရန်ကြံစည်ခဲ့သည့် မြန်မာနိုင်ငံသားအား မြန်မာသံရုံးက မြန်မာပြည်သို့ယနေ့ပြန်လည်ပို့ဆောင်ပေးမည်

0
262

ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ဖလမ်ကောင်း(၉)လမ်းရှိ တံတားပေါ်မှ နိုဝင်ဘာ ၁၃ ရက်တွင် ခုန်ချရန်ကြံစည်ခဲ့သည့် မြန်မာနိုင်ငံသား ကိုအဒီး(၃၆)နှစ်အား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှ နိုဝင်ဘာ ၂၆ ရက်(ယနေ့)တွင် နေရပ်သို့ပြန် လည်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုအဒီးသည် ဘားအံမြို့၊တောင်ကလေးကျေးရွာတွင်နေထိုင်သူဖြစ်ကာ အောက်တိုဘာလကုန်က ဘန်ကောက်မြို့သို့ လူပွဲစားနှင့်အတူ တရားမဝင်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ထိုသို့ ရောက်ရှိလာပြီးနောက် လူပွဲစားမှရှောင်ထွက်သွားခဲ့ပြီး ကိုအဒီးသည် ဗန်ကောက်မြို့၌ အလုပ်ရှာဖွေမရဖြစ်ကာ နေထိုင်စားသောက်မှုအခက်အခဲများဖြစ်ပေါ်ခြင်း၊ဘာသာစကားအ ခက်အခဲများဖြစ်ပေါ်နေခြင်းတို့ကြောင့် စိတ်ကျရောဂါရ၍ တံတားပေါ်မှခုန်ချရန်ကြံစည်ခဲ့ခြင်းဖြစ်သည်။

ကိုအဒီးအား ဗန်ကောက်မြို့၊မက္ကာဆန်ရဲစခန်းမှ ရဲမှူး Narongdet Butnamphet ကရာထူးအားမငဲ့ ကွက်ဘဲ ကန်တော့ဖျောင်းဖြ၍ကယ်တင်ခဲ့ပြီးနောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းမှုစင်တာ (ဘန်းခင်း)၌ Quarantine ဝင်စေခဲ့သည်။

ထို့ကြောင့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ဗန်ကောက်မြို့မှ တာဝန်ရှိသူများက ရဲမှူး Narongdet Butnamphet နှင့်ဆက်သွယ်ကာ ကိုအဒီးအား ကယ်တင်ပေးခဲ့သဖြင့် သံအမတ်ကြီး၏ကျေးဇူး တင်စာနှင့်လက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့သည်။

ထို့ပြင် Quarantine ဝင်နေရသည့် ကိုအဒီးအား သံ ရုံးတာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးကာ ခရီးစရိတ်ထောက်ပံ့ခြင်းနှင့်မြန်မာနိုင်ငံသို့ ပြန်ပို့ပေးရန်စီစဥ်ပေးခဲ့ကြသည်။

ထို့ကြောင့် ကိုအဒီးအား နိုဝင်ဘာ ၂၅ ရက်ညပိုင်းတွင် ဗန်ကောက်မြို့မှမဲဆောက်မြို့သို့ ကားဖြင့်ပြန်လည်ပို့ဆောင်ပေးခဲ့ကာ မဲဆောက်မြို့မှတဆင့် နေရပ်သို့ပြန်လည်ပို့ဆောင်ပေးရန် မဲဆောက်မြို့ရှိအလုပ်သမားသံအရာရှိနှင့်တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here