အိန္ဒိယတွင် ထိန်းသိမ်းခံထားရသည့် မြန်မာရေလုပ်သား (၄၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်

0
229

အိန္ဒိယနိုင်ငံ၊ အန်ဒမန်နှင့် နီကိုဘာကျွန်းရှိ ပို့ဘလဲ Open Distress Camp တွင် ထိန်းသိမ်း ထားရှိသည့် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသူ၊ နီကိုဘာကျွန်းတောင်ဘက်တွင် ရေမျောနေသဖြင့် အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ထားသူ၊ မြန်မာနိုင်ငံသားစိစစ်ပြီးသူ ရေလုပ်သား (၄၃) ဦးအား နို၀င်ဘာလ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးထံမှ သိရသည်။

အဆိုပါမြန်မာနိုင်ငံသား (၄၃) ဦးအား ပြန်လည်ပို့ဆောင်ရန်အတွက် အိန္ဒိယနိုင်ငံပြည်ပရေးရာ ဝန်ကြီးဌာနဖြင့် ဆက်သွယ်ဆောင်ရွက်ကာ မြန်မာသံရုံး၊ နယူးဒေလီမြို့မှ အရာထမ်း(၂)ဦးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ကော်လ်ကတ္တားမြို့မှ အမှုထမ်း (၁)ဦး၊ ဒေသခန့် ဝန်ထမ်း(၁)ဦးမှ ပို့ဘလဲမြို့သို့သွားရောက်၍ သက်ဆိုင်ရာ immigration officer များ၊ open distress camp ရှိ တာဝန်ရှိသူ အာဏာပိုင်များနှင့် တွေ့ဆုံကာ သက်သေခံလက်မှတ် (Certificate of Identity) ထုတ်ပေးခြင်း၊ အိန္ဒိယနိုင်ငံမှ ထွက်ခွါနိုင်ရန် exit permit လျှောက်ထားခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး နို၀င်ဘာလ ၂၄ ရက်တွင် ပို့ဘလဲ-ကော်လ်ကတ္တား-ရန်ကုန် ခရီးစဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် ရန်ကုန်မြို့သို့ နို၀င်ဘာ ၂၄ ရက် ည ၉ နာရီ ၂၀  ခန့်တွင် MAI လေကြောင်းအမှတ်၊ 8M608 ဖြင့် ရောက်ရှိလာပြီး  ရေလုပ်သားများ မြန်မာနိုင်ငံသို့ ပြန်နိုင်ရေးအတွက် ခရီးစရိတ်ကို သီတဂူဆရာတော် အဘိဓဇမဟာရဠဂုရု ဘဒ္ဒန္တဉာဏိဿရဆရာတော်ကြီးမှ လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here