မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ် လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိန်း သိမ်းရန် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

0
386

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချင်းဟိုင်တို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်က တရုတ်သံအမတ်ကြီး မစ္စတာချင်းဟိုင်အား နိုဝင်ဘာ ၂၅ ရက်နေ့လည် ၁ နာရီက နေပြည်တော်ရှိ ပြည် ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမှု အပေါ်မူတည်၍ အရှိန်အဟုန်မြှင့်အကောင်အထည်ဖော်သွားရေးတို့အား ဆွေးနွေးခဲ့ကြသည်။ 

ထို့ပြင် ကိုဗစ်(၁၉)ကာကွယ်၊ ထိန်းချုပ်ရေးဆိုင် ရာပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး၊ မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးလုပ်ငန်း စဉ်အတွက် အပြုသဘောထောက်ပံ့မှုများ ဆက် လက်ပေးအပ်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ် စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကိုထိန်းသိမ်းရန် ဆက်လက်ပူးပေါင်းဆောင် ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။ 

ဒေသတွင်းနှင့်နိုင်ငံတကာအကျိုးတူကိစ္စများ အ ထူးသဖြင့် ကုလသမဂ္ဂနှင့်အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံကြား ပိုမိုနီးကပ်စွာပူးပေါင်းဆောင် ရွက်ရေးကိုလည်း ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here