မိတ္ထီလာမြို့တွင် အမျိုးသမီးတစ်ဦးတည်းရှိသည့် နေအိမ်ပေါ်တက်၍ ပစ္စည်းများခိုးယူစဥ် နိုးလာသည့်အိမ်ရှင်အား ဓားဖြင့်အချက်ပေါင်းများစွာခုတ် ၍ ထွက်ပြေးသွား

0
380

မန္တလေးတိုင်း၊မိတ္ထီလာမြို့၊ပြည်သာယာမြောက်ရပ်ကွက်တွင် နိုဝင်ဘာ ၂၅ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်သာယာလူငယ် လူမှုကူ ညီရေးအသင်း(မိတ္ထီလာ)မြို့မှ သိရသည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က မိတ္ထီလာမြို့၊ပြည်သာ ယာမြောက်ရပ်ကွက်၊ မြင်းခြံ ၃ လမ်းနှင့် ၄ လမ်း ကြား၊(ဆ)နယ်မြေရှိ အမျိုးသမီးတစ်ဦးရှိနေသည့် နေအိမ်ပေါ်သို့ ပြစ်မှုကျူးလွန်သူ(စုံစမ်းဆဲ)ကတက်၍ ပစ္စည်းများခိုးယူခဲ့သည်။

ထိုသို့ ခိုးယူစဥ် အသက်(၂၁)နှစ်အရွယ်ရှိ အိမ်ရှင်အမျိုးသမီးနိုးလာရာ ပြစ်မှုကျူးလွန်သူက အိမ် ရှင်အားဓားဖြင့်အချက်ပေါင်းများစွာခုတ်၍ ထွက် ပြေးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်၌ ရပ်ကွက်နေသူများကတွေ့ရှိရသဖြင့် ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းထံ ဆက်သွယ်အကြောင်းကြားခဲ့ကြသဖြင့် သွား ရောက်ကာ အရေးပေါ်ပြုစုကုသမှုများပြုလုပ်၍ မိတ္ထီလာမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ခေါင်းရယ် နှုပ်ခမ်းရယ် လက်နှစ်ဖက်လုံးရယ်မှာ ဓားနဲ့ခုတ်ထားတဲ့ပြတ်ရှဒဏ်ရာတွေအများကြီးပဲ ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးလို့ပဲပြောရမှာပေါ့ အခုဆေးရုံမှာစိုးရိမ်ရတဲ့အခြေအနေကတော့လွတ်သွားပြီ စကားပြန်ပြောနိုင်ပြီလို့သိရပါတယ် တာဝန်ရှိတဲ့လူတွေလည်း ချက်ခြင်းလာစစ်သွားကြတယ်”ဟု ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း(မိတ္ထီလာမြို့)မှတာဝန်ရှိသူတစ်ဦးကပြော သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။

Photo-ပြည်သာယာလူငယ် လူမှုကူညီရေးအသင်း(မိတ္ထီလာမြို့)


LEAVE A REPLY

Please enter your comment!
Please enter your name here