ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကင်မ်ဂျုံအန်းနှင့်လက်တွဲဆောင်ရွက်လိုဟုသမ္မတရှီပြော

0
299

ဆိုးလ်၊နိုဝင်ဘာ ၂၆

တရုတ်သမ္မတရှီက ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ကင်မ်ဂျုံအန်းနှင်လက်တွဲဆောင်ရွက်ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာန KCNA တွင်ဖော်ပြထားသည်။

မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးအသစ်စမ်းသပ်မှုကို ပြုလုပ်ခဲ့ပြီးနောက် မစ္စတာရှီက ယခုကဲ့သို့ပြောကြားလာခြင်းဖြစ်သည်။

၎င်း၏သဝဏ်လွှာ၌ ဒေသတွင်းနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး၊တည်ငြိမ်ရေး၊ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာဝပြောရေးတို့အတွက် ကင်မ်နှင့်အတူလက်တွဲရန် ပေကျင်းကအဆင်သင့်ရှိနေကြောင်း ရေးသားထားသည်ဟုသိရှိရသည်။

ပြုံယမ်း၏နောက်ဆုံးတိုက်ချင်းပစ်ဒုံး စမ်းသပ်မှုမပြုလုပ်မီ ရက်ပိုင်းအလိုကလည်း ဘာလီရှိ G – 20 ထိပ်သီးအစည်းအဝေးပြင်ပ၌ အမေရိကနှင့်တရုတ်နိုင်ငံခေါင်းဆောင်များသည် သီးသန့်‌တွေ့ဆုံဆွေး‌နွေးခဲ့ကြသေးသည်ဟုဖော်ပြထားသည်။

ဝါရှင်တန်သည် ပြုံယမ်း၏အဓိကမဟာမိတ်နှင့်စီးပွားရေးမဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံအား ၎င်း၏ဩဇာဖြင့် မြောက်ကိုရီးယားအပေါ် ထိန်းချုပ်ပေးရန် ပြောကြားခဲ့သည်ဟုလည်းဆိုသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here