ငြိမ်းချမ်းရေးရရန်အတွက် ယူကရိန်းအနေဖြင့် အမြင် ကြယ်ရန်လိုအပ်ဟုပုပ်ရဟန်းမင်းကြီးဆို

0
291

ဗာတီကန်၊နိုဝင်ဘာ ၂၆

ငြိမ်းချမ်းရေးရရန်အတွက် ယူကရိန်းခေါင်းဆောင်များသည် “အမြင်ကြယ်” ရမည်ဟု ပုပ်ရဟန်းမင်းကြီးကသောကြာနေ့တွင် ပြောကြားခဲ့ပြီးကိဗ်သည် ရုရှားနှင့်စစ်ပွဲကိုအဆုံးသတ်ရန် လိုက်လျောမှုများပြုလုပ်ရမည်ဖြစ်သည်ဟုလည်းအကြံပြုပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်းသည် ယခုလအစောပိုင်းကလည်း ပဋိပက္ခများတိုးလာမည့်အန္တရာယ်အားရှောင်ရှားရန် အပစ်အခတ်ရပ်စဲဖို့တောင်းဆိုခဲ့ပြီး အမြန်ဆုံးအဆုံးသတ်ရန်လည်း ဆုတောင်းခဲ့သည်။

ရုရှား – ယူကရိန်းစစ် ကိုးလပြည့်အထိမ်းအမှတ်အဖြစ် သောကြာနေ့ကထုတ်ပြန်ခဲ့သည့် အိတ်ဖွင့်ပေးစာတွင် ပုပ်ရဟန်းမင်းကြီးက ယူကရိန်းပြည်သူများ၏ ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့သည့်အင်အားကိုချီးကျူးခဲ့သည်။

၎င်းနောက်ယူကရိန်းကိုအုပ်ချုပ်‌နေသူများအတွက်လည်း ဆုတောင်းပေးနေကြောင်းလည်းပြောကြားခဲ့သည်။

အခုလိုအစစအရာရာ ဆုတ်ယုတ်နေချိန်၌ ငြိမ်းချမ်းရေးအတွက် အမြော်အမြင်ရှိဖို့၊ပျက်စီးမှုတွေကြား စီးပွားရေးဖွံ့ဖြိုးဖို့ စသည့်အရာများအတွက်လည်း အုပ်ချုပ်သူတွေမှာ တာဝန်အပြည့်အဝရှိပါတယ်ဟုဆိုခဲ့သည်။

သမ္မတဇလန်းစကီးဘက်မှလည်း သိမ်းပိုက်ထားသည့် နယ်မြေများအားလုံးကို အသာတကြည်ပြန်ပေးပါက ငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here