တရုတ်နိုင်ငံသည် ခြောက်နှစ်အတွင်း ၎င်း၏ ပထမဆုံး လကမ္ဘာအခြေစိုက်စခန်းကို တည်ဆောက်သွားမည်

0
360

တရုတ်နိုင်ငံသည် အာကာသစူးစမ်းလေ့လာရေး အစီအစဉ်များတွင် လွှမ်းမိုးနေသော နာဆာကို စိန်ခေါ်နိုင်ရန်အတွက် ၎င်း၏ ပထမဆုံးသော လကမ္ဘာအခြေစိုက်စခန်းကို ၂၀၂၈ ခုနှစ် နောက်ဆုံးထား၍ တည်ဆောက်ရန် စီစဉ်နေသည်။

ထိုအခြေစိုက်စခန်း ဆောက်လုပ်ခြင်း ပြီးမြောက်သွားပါကလည်း ၎င်း၏ အာကာသယာဉ်မှူးများကို လပေါ်သို့ စေလွှတ်သွားမည် ဖြစ်သည်။

အဆိုပါ လကမ္ဘာအခြေစိုက်စခန်းကို နျူကလီးယားစွမ်းအင်ဖြင့် လည်ပတ်သွားဖွယ်ရှိကြောင်း စိုင်ရှင်သတင်းဌာနက ဖော်ပြထားသည်။

၎င်း၏ အခြေခံဖွဲ့စည်းပုံတွင် ဂြိုလ်ပေါ်ဆင်းယာဉ်၊ လကမ္ဘာ လေ့လာရေး ယာဉ်နှင့် လပေါ်သွားယာဉ်တို့ ပါဝင်မည်ဖြစ်ပြီး ထိုယာဉ်အားလုံးကို ချမ်းအယ်လ် မစ်ရှင် ၆၊ ၇၊ ၈ တို့ စေလွှတ်ချိန်တွင် တည်ဆောက်သွားမည် ဖြစ်သည်။

“ကျွန်တော်တို့ရဲ့ အာကာသယာဉ်မှူးတွေဟာ ဆယ်နှစ်အတွင်းမှာ လဆီကို သွားရောက်နိုင်လိမ့်မယ်” ဟု ထိုပရိုဂရမ်၏ အဓိက ဒီဇိုင်နာ ဝူဝေရန်  က စီစီတီဗွီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထို့ပြင် နျူကလီးယားစွမ်းအင်သည် လကမ္ဘာအခြေစိုက်ခန်းအတွက် ရေရှည်စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု သူက ဆိုသည်။

Source: Business Standard


LEAVE A REPLY

Please enter your comment!
Please enter your name here