တရုတ်နိုင်ငံတွင် ဓာတ်ငွေ့ ကုဗမီတာ ဘီလျံ ၁၄၀ကျော်ရှိနေသည့် သဘာဝဓာတ်ငွေ့သိုက် ရှာဖွေတွေ့ရှိ

0
282

တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေနံချက်လုပ်ရေး ကုမ္ပဏီဖြစ်သည့် Sinopecသည် တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်မြစ်ဝှမ်းတွင် ဓာတ်ငွေ့ ကုဗမီတာ ၁၄၆ ဘီလျံခန့်ရှိသည့် ဓာတ်ငွေ့သိုက်ကြီးတစ်ခုကို ရှာဖွေတွေ့ရှိကြောင်း  သတင်းထုတ်ပြန်သည်။

အဆိုပါဓာတ်ငွေ့တွင်းသစ်သည် ချုံကင်း၏ ကျီကျန်းခရိုင်နှင့် တရုတ်နိုင်ငံအနောက်တောင်ပိုင် ကွီကျိုးပြည်နယ်၏ ရှီရှုအီစီရင်စုအနီးတွင်တည်ရှိကြောင်း Sinopec ဥက္ကဌ Ma Yingsheng က ပြောကြားသည်။

အဆိုပါ ရှာဖွေတွေ့ရှိမှုသည် တရုတ်နိုင်ငံ၏ စွမ်းအင်ဖူလုံရေးအတွက် ပိုမိုအထောက်ကူဖြစ်စေမည်ဟု မျှော်လင့်ကြောင်း သူကဆိုသည်။

သို့ရာတွင် မြေအောက်နက်ရှိုင်းစွာတည်ရှိနေမှုနှင့် ယင်းဒေသ၏ သဲကန္တာရဖြစ်တည်မှုတို့ကြောင့် တူးဖော်ထုတ်လုပ်ရန်မှာ အခက်အခဲများရှိနေသေးကြောင်းသိရသည်။

Ref: New shale gas field reserves of over 140 bln cubic meters discovered in SW China(Xinhua)


LEAVE A REPLY

Please enter your comment!
Please enter your name here