(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အဆင့် ပထမဆုံးအကြိမ်ပဒေသာကပွဲအား နိုဝင်ဘာ ၂၆ ရက်မှစ၍ ၅ ရက်တိုင်တိုင်ကျင်းပမည်

0
367

ပြည်သူများ စိတ်ကြည်နူးချမ်းမြေ့စေရန်နှင့်လွတ် လပ်ရေး၏ အငွေ့အသက်များခံစားနားလည်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ် စိန်ရတု လွတ်လပ် ရေးနေ့ပဒေသာကပွဲဖွင့်ပွဲအခမ်းအနားအား နိုဝင် ဘာ ၂၆ ရက်(ယနေ့)ည ၆ နာရီခွဲက နေပြည်တော်၊မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ကျင်းပခဲ့သည်။

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးတို့က နိုင်ငံတော်အဆင့်အခမ်း အနားအဖြစ်ကျင်းပသည့် ၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ပဒေသာကပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။

ပဒေသာကပွဲတွင် ဒါရိုက်တာကျော်ဇောလင်း(အ တွေးပုံရိပ်)၊ ဝိုင်း၊ တင်မောင်ဆန်းမင်းဝင်း တို့တာ ဝန်ယူတင်ဆက်သည့် “လွတ်လပ်ရေးနေ့ဂုဏ်ပြုအစီအစဉ်”၊ သဘင်အစည်းအရုံးမှ အနုပညာရှင်များကပြသည့် “သုံးပန်ချီ သုံးပန်လှ(အပျိုတော်ကြီး)”၊ တေးသံရှင်ကေတုဝင်းထွဋ်၊သန်းမြတ်စိုး၊ရွှေထိုက်တို့က သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့ပြင် ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်များက လွတ်လပ်ရေးနေ့ဂုဏ်ပြုပဏာမတေးဖြစ်သည့် “စိန်ရတုတိုင်ခဲ့ပြီ”သီချင်း၊တေးသံရှင် ထူးအယ်လင်း၊ဇင်သူဇာထွန်း၊ဇင်သူသူထွန်း၊မင်းသားလေးတို့ကလည်းသီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက် ဒါရိုက်တာကိုသက်(မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး)မှ “ပြန်လည်ဆုံတွေ့ကြရာဝယ်”နှစ်သံတစ်ကိုယ်တင်ဆက်မှုဖြင့်ဖျော်ဖြေကာ လူရွှင် တော် Talent ပြိုင်ပွဲတေးသံရှင်ပူစူး၊ဝိုင်းလမင်းအောင်၊အမေများအဖွဲ့နှင့်မမများအဖွဲ့၊ ထား၊ L ဆိုင်းဇီ၊ ရွှေယမင်းဦးတို့ကဖျော်ဖြေခဲ့ကြသည်။

ထို့ပြင် ဒါရိုက်တာကိုဇော်(အာရုဏ်ဦး)က “ပျော်ရွှင်ခြင်းအိမ်”ပြဇာတ်၊ တေးသံရှင်မြန်မာပြည်သိန်းတန်နှင့်အဖွဲ့က “ကောင်းသောည”တေးဂီတဖျော်ဖြေမှု၊ မြန်မာနိုင်ငံသဘင်အစည်းအရုံးက မွန် ပြည်နယ်မှစိုးသဘင်မင်းဗိုလ်ဇာတ်အဖွဲ့မှ ဖျော် ဖြေကာ ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) မှလည်း “စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအနား သတ်အစီအစဉ်”တို့ဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့်ဇနီးတို့က ဖျော်ဖြေတင်ဆက်ခဲ့သည့် အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်းနှင့်ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အဆိုပါ ပဒေသာကပွဲကြီးအား ကိုဗစ်(၁၉)ရောဂါ ကြောင့် မွန်းကြပ်နေသည့်ပြည်သူများကို ဖျော် ဖြေမှုပေးနိုင်ရန် နိုဝင်ဘာ ၂၆ ရက်မှ ၃၀ ရက်အ ထိ ၅ ရက်တိုင် ည ၆ နာရီခွဲမှည ၁၁ နာရီအတွင်း ကပြဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here