ပွင့်ဖြူတွင် စိုက်ပျိုးရေးသိပ္ပံရှိပြီးဖြစ်၍ စကု၌ မွေးမြူရေးသိပ္ပံတစ်ခုဖွင့်လှစ်ရန် ဆောင်ရွက်လျက်ရှိဟု နစက ဥက္ကဋ္ဌပြော

0
267

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ နိုဝင်ဘာ ၂၇ ရက်(ယနေ့)တွင် မင်းဘူးမြို့၊ရှင်ပင်စက္ကိန်းတဲစေတီတော်ပုရိဝုဏ်အတွင်းရှိ ရတနာသုခဓမ္မာရုံ၌ မင်းဘူးမြို့နှင့်စကုမြို့တို့မှ ရပ်မိရပ်ဖများအားတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ် ငန်းများကို အားပေးဆောင်ရွက်ရမည်ဖြစ်ကာ စိုက်ပျိုးမွေးမြူရေးအတွက်လိုအပ်သည့် ရေလုံလောက်စွာရရှိရေးအတွက် နေရောင်ခြည်စွမ်း အင်သုံး လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများဆောင် ရွက်ရမည်ဟု ဆိုသည်။

“ပွင့်ဖြူမှာ စိုက်ပျိုးရေးသိပ္ပံရှိပြီးဖြစ်လို့ စကုမှာ မွေးမြူရေးသိပ္ပံတစ်ခုဖွင့်လှစ်ဖို့ကို ဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ဒေသမှထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်၍ စိုက်ပျိုးမွေးမြူရေးအတွက်လိုအပ်သည့် သွင်းအားစုများကြောင့် ကုန်ဈေးနှုန်းကြီး မြင့်မှုကို အတတ်နိုင်ဆုံးလျှော့ချနိုင်ရန်ဆောင် ရွက်ရမည်ဟု ဆိုသည်။

ဒေသတွင်း၌ ဆေးဝါးထုတ်ကုန်များ၊အခြေခံလူသုံးကုန်ပစ္စည်းများ၊စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်မှုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး ပြည်ပသွင်းကုန်များလျှော့ချနိုင်ရန်လိုအပ်သည်ဟု ဆိုသည်။

“စက်သုံးဆီတွေကို ချွေတာသုံးစွဲတဲ့အတွက် နိုင်ငံ ခြားငွေသုံးစွဲတာကို လျှော့ချနိုင်မှာဖြစ်တာကြောင့် ပြည်တွင်းမှာ ငွေကြေးလည်ပတ်မှုအားကောင်းလာမှာဖြစ်ပါတယ် စားသုံးဆီကိုလည်း ကျန်းမာ ရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ စားသုံးဖို့လိုပါတယ်”ဟု နစက ဥက္ကဋ္ဌကမှာကြားသည်။

အစိုးရမှ ကျောင်းများ၊ကောလိပ်များ၊တက္ကသိုလ်များကို အဆင့်ဆင့်ဖွင့်လှစ်ပေးထားပြီးဖြစ်ရာ ကျောင်းသား၊ကျောင်းသူများ ပညာရည်မြင့်မားရန် ဝိုင်းဝန်းအားပေးဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသတွင်း သက်ဆိုင်ရာပညာရပ်များအလိုက် ပ ညာတတ်များပေါကြွယ်ဝမှသာ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်မည်ဟု ဆိုသည်။

“ဒေသသာယာလှပပြီး ဒေသကထွက်ရှိတဲ့ ထုတ်ကုန်တွေ နာမည်ရလာရင် လာရောက်လည်ပတ်သူတွေ များပြားလာပြီး ဒေသတွင်းငွေကြေး လည် ပတ်မှုအားကောင်းလာမှာဖြစ်သလို စီးပွားရေးလည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့နောက် နစက ဥက္ကဋ္ဌက ဒေသဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေကျပ်သိန်း ၁၀၀ နှင့်မင်းဘူးဘိုးဘွားရိပ်သာတည်ဆောက်ရေးအတွက် အလှူငွေကျပ်သိန်း ၁၀၀ တို့အားပေးအပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here