မလေးရှားသို့ လည်ပတ်စဉ် မလေးရှားဝန်ကြီးချုပ်သစ်အား ဘရူနိုင်း ဘုရင် ကိုယ်တိုင် ကားမောင်းလိုက်ပို့

0
258

ဆူဘန်/ဆီလန်ဂေါ၊ နိုဝင်ဘာ ၂၈

ဘရူနိုင်းဘုရင် ဆူလ်တန် ဟက်ဆာနယ် ဘိုခိုင်ရာသည် နိုဝင်ဘာလ ၂၈ ရက် တနင်္လာနေ့က မလေးရှားနိုင်ငံသို့ လာရောက် လည်ပတ်စဉ်အတွင်း ဝန်ကြီးချုပ်အသစ်ဖြစ်သည့် အန်နဝါ အီဘရာဟင်အား သူ၏ အစိုးရ ဂေဟာသို့ ကိုယ်တိုင်ကားမောင်း လိုက်ပို့ခဲ့ကြောင်း သိရသည်။

မစ္စတာ အန်နဝါသည် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ဘရူနိုင်းဘုရင် မောင်းလာသော ဇိမ်ခံမှန်လုံကားကြီး၏ ရှေ့ခေါင်းခန်းတွင် ထိုင်လျက် မီဒီယာဘက်သို့ လက်ဝှေ့ယမ်းပြခဲ့သည်ကို တွေ့ရသည်။

ထိုကားတည်းတွင် ဘရူနိုင်းဘုရင်၏ သားတော် မင်းသား အဘ်ဒူလ် မတ်တင်း ဘိုခိုင်ရာလည်း လိုက်ပါစီးနှင်းခဲ့သည်။

မစ္စတာ အန်နဝါသည် နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် ဘရူးနိုင်းဘုရင်နှင့် သူ၏ ကိုယ်စားလှယ်အဖွဲ့အား ဆူဘန်မြို့ရှိ တော်ဝင်မလေးရှား လေတပ်အခြေစိုက်စခန်း (RMAF) တွင် ကြိုဆိုခဲ့ပြီးနောက် ပူတရာဂျာရာမြို့ရှိ သူ၏ တရားဝင် ဂေဟာသို့ ဘရူနိုင်းဘုရင်၏ ကားမောင်းလိုက်ပို့ခြင်းဖြင့် ပြန်လည်ရောက်ရှိလာခဲ့သည်။

၎င်းသည် မလေးရှားနိုင်ငံ၏ ၁၀ ကြိမ်မြောက် ၀န်ကြီးချုပ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ဘရူနိုင်းဘုရင်နှင့် မစ္စတာအန်ဝါတို့ကြား ပထမဆုံးတွေ့ဆုံမှုဖြစ်သည်။

Source: စီအင်န်အေ


LEAVE A REPLY

Please enter your comment!
Please enter your name here