လန်ဒန်မှ ကြောင်လေးတစ်ကောင် ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် မှတ်တမ်းဝင်

0
322

ဗြိတိန်နိုင်ငံ လန်ဒန်မြို့က Flossieဆိုတဲ့ ကြောင်မလေးကို အသက်ရှင်နေဆဲ ကမ္ဘာ့အသက်အကြီးဆုံးကြောင်အဖြစ် Guinness ကမ္ဘာ့စံချိန်မှတ်တမ်းအဖွဲ့ကြီးက အသိအမှတ်ပြု မှတ်တမ်းတင်လိုက်ပါတယ်။

Flossie ဟာ အသက် ၂၆ နှစ်နဲ့ ၃၁၆ ရက်ရှိပြီဖြစ်တာမှန်ကန်ကြောင်း ဗြိတိန်နိုင်ငံ အော်ပင်တန်(Orpington)မြို့က တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့က အတည်ပြုပေးခဲ့တာပါ။ Flossie ဟာ ၁၉၉၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက်က ဗြိတိန်နိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

သူဟာ လက်ရှိမှာတော့ နားအတော်လေးနေပြီး၊ မျက်စိလဲမှုန်နေပြီဖြစ်ပေမယ့် ဗြိတိန်နိုင်ငံ Kent မြို့မှာ သူ့ကိုမွေးစားထားတဲ့ ဗစ်တိုရီးယားဆိုတဲ့ အမျိုးသမီးနဲ့ အတူ ကျန်းမာစွာနေထိုင်ဆဲဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here