ဖခင်ရဲ့အရိုးပြာတွေကို ရန်ကုန်မြစ်ထဲမျောခဲ့တဲ့ သရုပ်ဆောင်မိုးဟေကို

0
507

သရုပ်ဆောင်မိုးဟေကိုရဲ့ဖခင်ဟာ ယမန်နေ့နိုဝင်ဘာလ ၂၇ရက်နေ့က အာယုဆေးရုံမှာဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပါတယ်။

ယနေ့နိုဝင်ဘာလ ၂၈ရက်နေ့မနက်မှာတော့ ရေဝေးသုဿာန်မှာ သဂြ်ုလ်ခဲ့ပြီး အရိုးပြာတွေကိုတော့ ယနေ့မှာပဲ ရန်ကုန်မြစ်ထဲမျောခဲ့တယ်လို့သိရပါတယ်။

၄င်းအကြောင်းအရာနဲ့ပတ်သက်လို့ မိုးဟေကိုက သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ အခုလိုရေးသားမျှဝေထားပါတယ်။

“ချစ်သော ပရိသတ်ကြီးရှင့်…

ဒီနေ့တော့ မိုးရဲ့ ဘဝမှာ အရေးကြီးဆုံးလူသားတစ်ယောက်ဖြစ်တဲ့ ဖေဖေ့ကို နောက်ဆုံးနှုတ်ဆက်ပို့ဆောင်ဖြစ်ခဲ့ပါတယ်။ မိုးအနေနဲ့ ဖေဖေ့ကို တတ်နိုင်သမျှ ပြုစုစောင့်ရှောက်ပေးခွင့်ရခဲ့လို့ အခုလို ကြိုးစားပြီး စိတ်ဖြေသိမ့်လို့ရတယ်လို့ ထင်ပါတယ်ရှင်။ 

ဒီနေ့တော့ မိုး ဖေဖေ့အရိုးပြာကို ရန်ကုန်မြစ်ထဲ မျှောပြီး နောက်ဆုံးနှုတ်ဆက်တဲ့အထိမ်းအမှတ်အနေနဲ့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။ မိုးကို ဖေဖေ့နောက်ဆုံးအချိန်တစ်လျှောက်လုံး အားပေးကူညီပေးခဲ့တဲ့ မိတ်ဆွေတွေကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒီကနေပဲ ပြောချင်ပါတယ်ရှင်။ တစ်ယောက်ချင်းစီကို မိုး စာမပြန်ခဲ့မိရင်လည်း နားလည်ပေးပါလို့ ပြောကြားပါရစေနော်။ 

ချစ်တဲ့ မိုး”

credit – Moe Hay Ko facebook


LEAVE A REPLY

Please enter your comment!
Please enter your name here