သာကေတတွင် YBS နှစ်စီးတိုက်မိ၍ အမျိုးသားတစ်ဦးလက်ပြတ်သွားခဲ့

0
336

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၊ရှုခင်းသာပတ်လမ်းတွင် နိုဝင်ဘာ ၂၉ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယင်းနေ့ညနေ ၅ နာရီခွဲကျော်ခန့်က သာကေတမြို့နယ်၊ ရှုခင်းသာပတ်လမ်းတွင် ခရီးသည်တင် YBS 31  နှင့် YBS 42 တို့တိုက်မိခဲ့၍ ထိခိုက်ဒဏ်ရာရသူရှိနေကြောင်း သတင်းအရ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်တွင် YBS ကားပေါ်၌ လိုက်ပါလာသူတစ်ဦးမှာ လက်ပြတ်သွားခဲ့သဖြင့် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။

“ကား နှစ်စီးပေါ်မှာက ခရီးသည်တစ်ယောက်မှမပါဘူး၊ ရှုခင်းသာပတ်လမ်းပေါ်က PT Power ဆီဆိုင်ရှေ့မှာဖြစ်သွားတာပါ”ဟု သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့၏ သတင်းပြန်ကြား ရေးတာဝန်ခံကိုဇင်လင်းမောင်ကပြောသည်။

ဖြစ်စဥ်၌ လက်ပြတ်သွားခဲ့သူအား အောင်နိုင်သူလူမှုကူညီရေးအသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here