တရုတ်နှင့်ရုရှားဗုံးကြဲလေယာဉ်များ အာရှ၌ပူးတွဲကင်းလှည့်

0
207

မော်စကို၊နိုဝင်ဘာ ၃၀

Tupolev-95 တာဝေးပစ်အမျိုးအစား “Bear” ဗုံးကြဲလေယာဉ်များ အပါအဝင် ရုရှားနှင့်တရုတ်တို့၏စစ်လေယာဉ်များသည် ဂျပန်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့ကို ပူးတွဲကင်းလှည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

တောင်ကိုရီးယားစစ်တပ်၏ပြောကြားချက်အရ တရုတ်စစ်လေယာဉ်နှစ်စီးနှင့် ရုရှားစစ်လေယာဉ်ခြောက်စီးတို့ ၎င်း၏လေကြောင်းကာကွယ်ရေးဇုန်အတွင်းဝင်ရောက်လာသဖြင့် တောင်ကိုရီးယားတိုက်လေယာဉ်များ အရေးပေါ်တက်ခဲ့ရသည်ဟုသိရှိရသည်။

သို့သော် ရုရှားဝန်ကြီးဌာနကမူ ၎င်းတို့အနေဖြင့်ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့သော်လည်း နိုင်ငံတကာစည်းမျဉ်းများနှင့်အညီသာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့်နိုင်ငံ၏ လေပိုင်နက်ကိုမှ မချိုးဖောက်ခဲ့ကြောင်းပြောကြားခဲ့သည်။

ယခုတစ်ကြိမ်သည် ရရှားနှင့်တရုတ်တို့ ပူးတွဲကင်းလှည့်ပြီး နှစ်ဖက်နိုင်ငံများ၌ အသီးသီးဆင်းသက်မှုပထမဆုံးအကြိမ်ဖြစ်သည်ဟု ဝန်ကြီးဌာနကပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here