Sunday, January 12, 2025

ဦးဝိစာရ မြေအောက်လမ်းကူး လူသွားဥမင်မှ တစ်နေ့...

ရွှေတိဂုံစေတီနှင့် ပြည်သူ့ရင်ပြင်သို့ လာရောက်ကြသည့် ပြည်သူများ ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်မှ ဖြတ်သန်းသွားလာလျက်ရှိရာ လက်ရှိတွင် လူသွားဥမင်မှ တစ်နေ့လျှင် လူဦးရေ(၃၀၀၀)နှင့် (၄၀၀၀)ကြား ဖြတ်သန်းသွားလာလျက်ရှိကြောင်း...

ဘိုင်ဒင်ကပုပ်ရဟန်းမင်းကိုအရပ်ဖက်အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုချီးမြှင့်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဇန်နဝါရီ ၁၁ ရက်က ပုပ်ရဟန်းမင်းနှင့် စကားပြောဆိုခဲ့ပြီး နိုင်ငံ၏ အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်သော သမ္မတ၏ လွတ်‌မြောက်ခြင်းအထူးဆုတံဆိပ်ကို ပုပ်ရဟန်းမင်းကို...

MSME ကုန်ထုတ်လုပ်ငန်းများအရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရန် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့်...

MSME ကုန်ထုတ်လုပ်ငန်းများအရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရန် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ဇန်နဝါရီ ၁၁...

ဝိုင်းမော်မြို့ နောင်ချိန်းစစ်ရှောင်စခန်းရှိ ဒေသခံစစ်ရှောင်များ စစ်ရေးတင်းမာမှုများကြောင့်...

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းများတွင် ယာယီခိုလှုံနေထိုင်ကြသည့် ဒေသခံစစ်ရှောင်များမှာ ယင်းဒေသအတွင်း နှစ်ဖက်စစ်ရေးတင်းမာလာသည့် အခြေအနေများကြော င့် လွတ်မြောက်နေရာအချို့သို့ ထပ်မံပြောင်းရွှေ့နေရသည်ဟု...
HomeNewsLocal Newsသာကေတမြို့နယ်ရှိ KBZ ဘဏ်ခွဲအားဓားပြတိုက်ရန်စီစဉ်နေသည့်...

သာကေတမြို့နယ်ရှိ KBZ ဘဏ်ခွဲအားဓားပြတိုက်ရန်စီစဉ်နေသည့် Anti-Coup Pepole’s Liberation Force – ACPLF နှင့် Anonymous Fighter Force – AFF တို့မှအဖွဲ့ဝင် ၉ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်းမိ

ရန်ကုန်တိုင်း၊သာကေတမြို့နယ်ရှိ KBZ ဘဏ်ခွဲအားဓားပြတိုက်ရန်စီစဥ်နေပြီး ဒဂုံမြို့သစ် (မြောက်ပိုင်း)နှင့်မြောက်ဥက္ကလာပမြို့နယ်တို့တွင် ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသည့် Anti-Coup Pepole’s Liberation Force – ACPLF နှင့် Anonymous Fighter Force – AFF တို့မှအဖွဲ့ဝင် ၉ ဦးအား လက်နက်ခဲယမ်းများနှင့်အတူဖမ်း ဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

အဆိုပါ မြို့နယ်နှစ်ခု၌ ဖောက်ခွဲဖျက်ဆီးမှုများပြုလုပ်ခဲ့ကြသူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိစဥ် နိုဝင်ဘာ ၂၆ ရက်နံနက်ပိုင်းတွင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သည့် Anti- Coup Pepole’s Liberation Force – ACPLF အဖွဲ့ဝင် ဝေယံကောင်းထက်(ခ)Lu Aye အား မြောက်ဥက္ကလာပမြို့နယ်၊(ဈ)ရပ်ကွက်၊စက်ကွေ့(၆)လမ်း ၌ ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နိုဝင်ဘာ ၂၇ ရက်ညနေပိုင်းတွင် ACPLF အဖွဲ့ဝင်များဖြစ်သည့် ဖြိုးသွေးအောင်(ခ)နိုင်ဝင်း၊နိုင်လင်းဇော်(ခ)သော်ထွန်းအောင်နှင့်ဉာဏ်ဝင်းလှိုင်(ခ)ဖိုးခွားတို့အားထပ်မံဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၃၀ ရက်နံနက်ပိုင်းတွင်လည်း AFF အဖွဲ့ဝင် သက်ဇော်အောင်(ခ)အောင်လေးအား ဖမ်းဆီးရမိခဲ့သည်။

သက်ဇော်အောင်(ခ)အောင်လေး၏ထွက်ဆိုချက်အရ KBZ ဘဏ်ခွဲအား ဓားပြတိုက်ရန် ၎င်းတို့၏ အဖွဲ့ဝင်များ ဗိုလ်တထောင်ဘုရားအနီးရှိ လူကူးကုန်းကျော်တံတားပေါ်၌ ရောက်ရှိနေကြောင်းသိရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက် ဖမ်းဆီးခဲ့ကြသည်။

ဖမ်းဆီးစဥ် ပြန်လည်ခုခံတိုက်ခိုက်ပြီး လုံခြုံရေးအဖွဲ့ဝင်များ၏ သေနတ်များအား လုယူထွက်ပြေးရန်ကြိုးပမ်း၍ ခြောက်လှန့်ပစ်ခတ်ဖမ်းဆီးရာ သိန်းကျော်စွာ(ခ)ကျော်ကြီး၊မျိုးမင်းဟိန်း(ခ) မဲကြီး၊အာကာမင်းသိန်းတို့အား လက်လုပ်မိုင်း ၂ လုံး၊ ညီမင်းထွန်း အားကျည်ထိမှန်ဒဏ်ရာတို့ဖြင့် ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖြစ်စဥ်မှ ပြစ်မှုကျူးလွန်သူ ၉ ဦးအား ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ကျည်မျိုးစုံ ၁၃ တောင့်၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ်နှင့်ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဖောက်ခွဲဖျက်ဆီးမှုများ၊ပြည်သူများအား သေနတ်ပြခြိမ်းခြောက်၍ အ ကြပ်ကိုင်မှုများ၊လုယက်မှုများ၊သတ်ဖြတ်မှုများအား ဖော်ထုတ်နိုင်ခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကာ ဖမ်းဆီးရန်ကျန်ရှိသူများကိုလည်း ထပ်မံဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဦးဝိစာရ မြေအောက်လမ်းကူး လူသွားဥမင်မှ တစ်နေ့ လူဦးရေ(၃,၀၀၀)နှင့် (၄,၀၀၀)ကြား ဖြတ်သန်းသွားလာနေ

ရွှေတိဂုံစေတီနှင့် ပြည်သူ့ရင်ပြင်သို့ လာရောက်ကြသည့် ပြည်သူများ ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်မှ ဖြတ်သန်းသွားလာလျက်ရှိရာ လက်ရှိတွင် လူသွားဥမင်မှ တစ်နေ့လျှင် လူဦးရေ(၃၀၀၀)နှင့် (၄၀၀၀)ကြား ဖြတ်သန်းသွားလာလျက်ရှိကြောင်း သိရသည်။ ဦးဝိစာရမြေအောက်လမ်းကူး လူသွားဥမင်(Underpass)သည် (၂၃) ပေကျယ်သည့်အတွက် တစ်နာရီ လူပေါင်း (၁၄၀၀၀)ဖြတ်ကူးနိုင်မည်ဖြစ်ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ အခါကြီး ရက်ကြီးများတွင် အဆင်ပြေစွာသွားရောက်ဖူးမြော်နိုင်ပြီဖြစ်ကြောင်းလည်း သိရသည်။ လမ်းကူးလူသွားဥမင်အတွင်း၌ အတက်အတွက် ရွေ့လျားစက်လှေကား လေးစင်း၊ မသန်စွမ်း၊ အသက်အရွယ်ကြီးသူ များ၊ တွန်းလှည်းအသုံးပြု သွားလာသူများအတွက် အသုံး ပြုရန် ဓာတ်လှေကားနှစ်စင်း ထည့်သွင်း တည်ဆောက်ထားပြီး စီမံကိန်းကို...

ဘိုင်ဒင်ကပုပ်ရဟန်းမင်းကိုအရပ်ဖက်အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆုချီးမြှင့်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ဇန်နဝါရီ ၁၁ ရက်က ပုပ်ရဟန်းမင်းနှင့် စကားပြောဆိုခဲ့ပြီး နိုင်ငံ၏ အရပ်ဖက်ဆိုင်ရာ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်သော သမ္မတ၏ လွတ်‌မြောက်ခြင်းအထူးဆုတံဆိပ်ကို ပုပ်ရဟန်းမင်းကို ချီးမြှင့်ခဲ့သည်ဟု အိမ်ဖြူတော်က သတင်းထုတ်ပြန်သည်။ မစ္စတာဘိုင်ဒင်သည် သူ၏ လေးနှစ်တာ သမ္မတသက်တမ်းအတွင်း အထူးဆုတံဆိပ်ကို ပထမဆုံးအကြိမ် ချီးမြှင့်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။ အသက် ၈၂ နှစ်အရွယ် မစ္စတာဘိုင်ဒင်သည် ဇန်နဝါရီ ၂၀ ရက်တွင် ရာထူးမှနုတ်ထွက်ရမည်ဖြစ်သည်။ သူသည် ကယ်လီဖိုးနီးယားပြည်နယ်တွင် လောင်ကျွမ်းလျက်ရှိသော တောမီးကို ပြည်ထောင်စုအဆင့် တုန့်ပြန်ဆောင်ရွက်မှုကို စီမံကြီးကြပ်ရန်အတွက် ပုပ်ရဟန်းမင်း ကြီး...

MSME ကုန်ထုတ်လုပ်ငန်းများအရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရန် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်

MSME ကုန်ထုတ်လုပ်ငန်းများအရည်အသွေးပြည့်မီစွာထုတ်လုပ်နိုင်ရန် နည်းပညာ၊ ထုတ်လုပ်သည့်စက်ပစ္စည်းများနှင့် ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များလိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းက မန္တ လေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME)လုပ်ငန်းရှင်များအား ပြင်ဦးလွင်မြို့၊ မြို့တော်ခန်းမ၌တွေ့ ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့်ဒေသထုတ် ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရေးဆိုင်ရာများကို ဆွေးနွေးစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ နို့ထွက်ပစ္စည်းထုတ်လုပ်မှုတွင် ပြင်ဦးလွင်မြို့မှထွက်ရှိသည့် နို့ထွက်ပစ္စည်းများသည် အဆင့်အ တန်းတစ်ခုတွင်ရှိ၍ လက်ရှိထုတ်လုပ်နေသည့် ထုတ်ကုန်များအပြင် အခြား နို့ထွက်ပစ္စည်းစား သောက်ကုန်အမယ်သစ်များကို ဆက်လက်ထုတ် လုပ်ပါက ယခုထက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071