အီးယူဒေတာများဖောက်ဖျက်မှုဖြင့် ဖေ့စ်ဘွတ်ကုမ္ပဏီအားဒဏ်ရိုက်

0
155

အိုင်ယာလန်၏ ဒေတာကာကွယ်စောင့်ကြည့်ရေးအဖွဲ့သည် ဖေ့စ်ဘွတ်အသုံးပြုသူ သန်း ၅၀၀ ကျော်၏ အသေးစိတ်အချက်အလက်များကိုဟက်ကာများကစုဆောင်းခြင်းမှမကာကွယ်နိုင်ခဲ့သဖြင့် မိခင်မက်တာကုမ္ပဏီအား ယူရို ၂၆၅ သန်း(အမေရိကန်ဒေါ်လာ ၂၇၅ သန်း) ဒဏ်ရိုက်ခဲ့ကြောင်းသိရှိရသည်။

အိုင်ယာလန်ဒေတာကာကွယ်ရေးကော်မရှင်ကမူ အမေရိကန်ကုမ္ပဏီသည် အီးယူဒေတာကာကွယ်ရေးဥပဒေအားချိုးဖောက်လျက် ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် သုံးစွဲသူများ၏ ဒေတာများ ကိုပေါက်ကြားစေခဲ့ပြီး ဟက်ကာဝဘ်ဆိုက်များတွင်တင်ထားသည်ကိုတွေ့ရှိရသည်ဟုသိရှိရသည်။

ယခုတရားစွဲဆိုမှုကိုမက်တာ၏ဥရောပရုံးချုပ်တည်ရှိရာ အိုင်ယာလန်တွင်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

သို့သော် မက်တာကမူ ၎င်းတို့အနေဖြင့် ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ပြီး သုံးစွဲသူများ၏ဒေတာများလုံခြုံရေးသည် ၎င်းတို့အတွက်အခြေခံကျသော လိုအပ်ချက်ဖြစ်သည်ဟုဆိုခဲ့သည်။

“ဒါကြောင့် ဒီအရေးကြီးတဲ့ကိစ္စအတွက် အိုင်ယာလန်ဒေတာကာကွယ်ရေးကော်မရှင်နဲ့ ကျွန်တော်တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ထားပါတယ်” ဟုကုမ္ပဏီကပြောကြားခဲ့ပြီး ဖုန်းနံပါတ်သိရုံဖြင့် အကောင့်ဒေတာများအား ကြည့်ရှုမရနိုင်တော့ဟုလည်း အခိုင်အမာပြောကြားခဲ့သည်။

သို့သော် အိုင်ယာလန်ဒေတာကာကွယ်ရေး မင်းကြီး ဟယ်လင် ဒစ်ဆင် ကမူ ဖေ့စ်ဘွတ်သည်အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက်များအား ကာကွယ်ရန်ပျက်ကွက်ခဲ့သည်ဟုဆိုသည်။

အီးယူသည် ယခုဖြစ်ရပ်နှင့်ပတ်သက်၍ မက်တာကို တရားဝင်ပြစ်တင်ရှုံ့ချခဲ့ပြီး ကုမ္ပဏီအား ၎င်း၏စည်းမျဉ်းများကို နောင်တွင်လိုက်နာရန်လည်းအမိန့်ပေးခဲ့သည်။

ယခုချမှတ်သောဒဏ်ငွေများသည်လည်း ဥပဒေကို ချိုးဖောက်နိုင်သည်ဟု ယူဆလာနိုင်ချေရှိသည့် အခြားကုမ္ပဏီများအား အဟန့်အတားဖြစ်စေရန် ရည်ရွယ်ထားခြင်းသာဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

Source :China Daily


LEAVE A REPLY

Please enter your comment!
Please enter your name here