ယူကရိန်းရှိရုရှားစစ်သုံ့ပန်း ၅၀ အား သုံ့ပန်းလဲလှယ်မှုအတွက် ရုရှားသို့ပြန်လည်လွှဲပြောင်း

0
353

ရုရှားနှင့်ယူကရိန်းတို့သည် ဒီဇင်ဘာ (၁) ရက်နေ့က နှစ်နိုင်ငံကြား သုံ့ပန်းလဲလှယ်မှုပြုလုပ်ခဲ့ကြပြီး စစ်မှုထမ်းသုံ့ပန်းအယောက် ၅၀ အားလဲလှယ်ခဲ့ကြကြောင်းသိရှိရသည်။

ယူကရိန်းမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် မစ္စတာ Andriy Yermak ကမူ ယခုကဲ့သို့အကျဉ်းသားလဲလှယ်မှုအား ယူကရိန်းနိုင်ငံသားများ လွတ်မြောက်သည့်နောက်ဆုံးအချိန်အထိ ဆက်လက်ပြုလုပ်နေမည်ဟုလည်းပြောကြားခဲ့သည်။

မာရီရိုပူးလ်နှင့် Azovstal မှ ဖမ်းဆီးခံ အကျဉ်းသားများအပါအဝင် ဒွန်းတက်ခ်၊ လူဟန့်စ်ခ်နှင့် ဇာပိုရီရှီအာနျူစက်ရုံတိုက်ခိုက်မှုအတွင်း ဖမ်းဆီးခံရသူများလည်း လွတ်‌မြောက်လာသူ ယူကရိန်းနိုင်ငံသားများထဲတွင်ပါဝင်လာပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

ရုရှားကမူ လွတ်မြောက်လာသူအကျဉ်းသားများအား ကျန်းမာရေးစစ်ဆေးမှုနှင့် စိတ်ပိုင်းဆိုင်ရာပြန်လည်ထူထောင်ရေးအတွက် မော်စကိုသို့ပို့ဆောင်သွားမည်ဟုလည်းပြောကြားခဲ့သည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here