ယနေ့တွင် မိနစ်ပိုင်းသာခြား၍ ရန်ကင်းမြို့နယ်၌ ၂ ထပ်နေအိမ်မီးလောင်မှုနှင့်မြောက်ဥက္ကလာပမြို့နယ်၌ မီးလန့်မှုဖြစ်ပေါ်ခဲ့

0
379

ရန်ကုန်တိုင်းရှိ ရန်ကင်းမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်တို့တွင် ဒီဇင်ဘာ ၂ ရက်(ယနေ့)နေ့လည်ပိုင်းတွင် မီနစ်ပိုင်းသာခြား၍ မီးလောင်မှုနှင့်မီးလန့်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံဖြိုးရေးအသင်းတို့မှ သိရသည်။

ယနေ့နေ့လည် ၁ နာရီ ၁၂ မိနစ်ခန့်က ရန်ကင်းမြို့ နယ်၊ ၁၄ ရပ်ကွက်၊အဝေရာလမ်းရှိ ၂ ထပ်တိုက်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားကြောင်းသတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များက level 1 အဆင့်မြင့်ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နေ့လည် ၁ နာရီ ၂၅ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နေ့လည် ၁ နာရီခွဲ၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“မီးလောင်တဲ့အိမ်က ၂ ထပ်တိုက်ပါ ဝိုင်းငြှိမ်းပေးခဲ့လို့ သိပ်မကြာဘူးငြိမ်းသွားပါတယ် ထိခိုက်ဒဏ်ရာရသူမရှိပါဘူး”ဟု ရွှေရောင်သမိုင်းလူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့အတူ နေ့လည် ၁ နာရီ ၄၅ မိနစ်တွင်လည်း မြောက်ဥက္ကလာပမြို့နယ်၊မေဓာဝီလမ်းမကြီး၊ (စ)ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့ဝင်များက ငြှိမ်းသတ်ရန်သွားရောက်ခဲ့ကြသည်။

အခင်းဖြစ်နေရာအရောက်၌ မီးလောင်မှုဖြစ်ပွားခြင်းမဟုတ်ဘဲ မီးလန့်မှုသာဖြစ်သည်ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

Photo-ရွှေရောင်သမိုင်းအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here