ကမ္ဘာ့ဖလားသမိုင်းတစ်လျောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးဒိုင် (၃) ဦးကို ပထမဆုံးအကြိမ်အသုံးပြု

0
215

ကမ္ဘာ့ဖလားသမိုင်းတစ်လျောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် အမျိုးသမီးဒိုင် (၃) ဦးကိုပထမဆုံးအကြိမ်အဖြစ် ကော်စတာရီဂါ နဲ့ ဂျာမနီ ပွဲစဉ်မှာ အသုံးပြုသွားခဲ့ပါတယ်။!

ကွင်းလယ်ဒိုင်အဖြစ် ပြင်သစ်ဒိုင်လူကြီး Stéphanie Frappart အကူဒိုင်တွေအဖြစ် ဘရာဇီးဒိုင်လူကြီး Neuza Back နဲ့ မက္ကစီကို Karen Diaz တို့က ကော်စတာရီဂါနဲ့ ဂျာမနီပွဲကို တာ၀န်ယူသွားတာဖြစ်ပြီး ဂျာမနီက ၄ ဂိုး ၂ ဂိုး နဲ့ အနိုင်ရခဲ့ပါတယ်။

ဂျာမနီနည်းပြနဲ့ ကော်စတာရီဂါ နည်းပြတို့ကလည်း အဆိုပါ အမျိုးသမီးဒိုင် (၃) ဦးကို ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့သေးသည်။

ဒါဟာ (၁၉၃၀) ခုနှစ်က ဥရုဂွေးနိုင်ငံမှာ စတင်ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားရဲ့ ၉၂ ကျော်ကြာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးဒိုင်လူကြီး အသုံးပြုသွားခဲ့တာလည်းဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here