တရုတ်-မြန်မာ စီးပွား ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ကို ယနေ့ ဒီဇင်ဘာ ၂ ရက်နေ့၌ ရန်ကုန်မြို့ UMFCCI ရုံးချုပ်တွင်ကျင်းပခဲ့ပါသည်။
ထို ဖိုရမ်သို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး မစ္စတာချန်းဟိုင်၊UMFCCI ဥက္ကဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ စီးပွားရေးသံမူး မစ္စတာ တန်ရူဖူ တို့လည်း တက်ရောက်ခဲ့ကြသည်။
ဦးစွာ တရုတ်ဖက်က ဗီဒီယိုဖြင့် မြန်မာနိုင်ငံတွင်း လုပ်ဆောင်နေမူများ၊သံရုံးနှင့် တရုတ်ကုမ္ပဏီတို့၏ CSRများ၊ဆူးလေဘုရား၊ သဗ္ဗညုဘုရား များအား ဝိုင်းဝန်းမွမ်းမံပေးနေမူများများပြသပြီးတရုတ်နိုင်ငံအနေဖြင့်တိုးတက်အောင်လုပ်ဆောင်သည့်နေရာတွင် မြန်မာကိုမေ့ထားမှာ မဟုတ်ကြောင်း ထည့်သွင်းပြသခဲ့သည်။
ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း က အမှာစကားပြောကြားရာတွင် တရုတ်နှင့်မြန်မာကုန်သွယ်မှုက အရေးကြီးသဖြင့် ကိုဗစ်အပြီး ပိုမိုကုန်သွယ်ရန်၊ပူးပေါင်းဆောင်ရွက်ရန်တို့တိုက်တွန်းခဲ့သည်။
မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမူအများဆုံး ၁၀နိုင်ငံထဲတွင် တရုတ်ပါဝင်ပြီး လုပ်ငန်းပေါင်း၅၂၀ကျော်ရှိနေသဖြင့် ဒုတိယအများဆုံးဖြစ်ကြောင်း၊လျှပ်စစ်ကဏ္ဍမှာအများဆုံးဖြစ်သည်ဟု ဆိုသည်။ခရီးသွားကဏ္ဍမှာပြည်တွင်းဆွဲဆောင်မူများသည့်နေရာများရှိသဖြင့် ပူးပေါင်းစရာကဏ္ဍတွေများပါကြောင်း၊ပြည်တွင်း ကုန်ထုတ်လုပ်မှုအတွက်လုပ်သားအင်အားနဲ့စရိတ်သက်သာ၍ပိုအဆင်ပြေနိုင်ကြောင်း ၊စီးပွားရေးတိုးတက်ဖို့ နယ်စပ်ဒေသငြိမ်းချမ်းရေးကအဓိကကျသည့်အတွက် လုပ်ဆောင်နေကြောင်းတို့ကို လည်း ဦးစိုးသိန်းက ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်သံအမတ်ကလည်း တရုတ်ပြည်ရှေ့ဆက်သွားမည့်မူဝါဒများအကြောင်း၊အိမ်နီးချင်းများနှင့်ပတ်သက်သည့်စီမံချက်များ၊တရုတ်က မြန်မာသို့ကူညီပေးလိုသည်များတို့ကို ပြောကြားခဲ့သည်။
နှစ်ဖက် ကုန်သည်ကြီးများကလည်းကုန်သွယ်ရာတွင် တွေ့ကြုံနေရသည့်အခက်ခဲများ၊ ထပ်မံညှိနှိုင်းသင့်သည့် စီးပွားရေး မူဝါဒများ၊နယ်စပ်ကုန်သွယ်ရေး ကိစ္စရပ်များ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စီးပွားရေးသံမှူးမစ္စတာ တမ်ရူဖူ က နှစ်ဖက်ကုန်သည်များတင်ပြကြသည့်ကိစ္စရပ်များ၊ပြသနာများကို ယခုဆွေးနွေးပွဲအပြီး နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းဖို့ တွန်းအားပေးသွားမည်ဟု ကတိပြုပြောကြားခဲ့သည်။