ပေါ်တူဂီကို အနိုင်ယူပြီး တောင်ကိုရီးယားနောက်တစ်ဆင့်တက်ရောက်

0
409

ပေါ်တူဂီကို အနိုင်ယူပြီး တောင်ကိုရီးယားအသင်းဟာ (၁၆) သင်းရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

ကမ္ဘာ့ဖလား အုပ်စု (H) ပွဲစဥ်အဖြစ် တောင်ကိုရီးယားနဲ့ ပေါ်တူဂီတို့ ယှဉ်ပြိုင်ကစားရာမှာ တောင်ကိုရီးယားတို့ ဦးဆောင်ဂိုး ပေးခဲ့ရပေမယ့် မကြာခင်မှာပဲ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့ကာ အနိုင်ဂိုးကို ပွဲပြီးခါနီးအချိန်မှာသွင်းယူနိုင်ခဲ့တာကြောင့် ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဒီအနိုင်ရလဒ်ကြောင့်ပဲ တောင်ကိုရီးယားအသင်းဟာ ရမှတ် (၄) မှတ်နဲ့ အုပ်စု ဒုတိယ၊ ပေါ်တူဂီအသင်း ရှုံနိမ့်ခဲ့ပေမယ် ရမှတ် (၆) မှတ် အုပ်စု ပထမနဲ့ (၁၆) သင်းရှုံးထွက် အဆင့်ကိုတက်ရောက်သွားကြပြီ ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ နာမည်ကြီးကစားသမားများစွာပါ၀င်တဲ့ ဥရုဂွေးအသင်းဟာ ဂါနာအသင်းကို ၂ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စုတတိယနဲ့ ကျေနပ်လိုက်ရပါတယ်။

လက်ရှိမှာစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ အုပ်စုအဆင့်အောင်မြင်သွားတာကြောင့်အာရှကိုယ်စားပြုအသင်းတွေ ကာတာမှာကျင်းပနေတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတယ်လို့ပဲ ဆိုရမှာပဲ ဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here