ရွှေပြည်သာမြို့နယ်တွင် စိတ်ကြွဆေးပြား ၂ သောင်းပြားခန့်နှင့်ဆက်စပ်ပြစ်မှုကျူးလွန်သူ များအားဖမ်းမိ

0
340

ရန်ကုန်တိုင်း၊ရွှေပြည်သာမြို့နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များမှ ဒီ ဇင်ဘာ ၁ ရက်မွန်းတည့်ပိုင်းမှစတင်၍ စိတ်ကြွ ဆေးပြား ၁၈၆၀၀ ပြားနှင့်ဆက်စပ်ပြစ်မှုကျူး လွန်သူများအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည့် ပူးပေါင်းအဖွဲ့သည် သတင်းအရ ရွှေပြည်သာမြို့ နယ်၊(ထ/၁၆)ရပ်ကွက်၊မြို့ပတ်လမ်းနေ နောင်ပိုင်စိုး(ခ)ကိုနောင်(၃၄)နှစ်၏ နေအိမ်အား၀င်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၈၀၀ ပြားအား ဖမ်း ဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ နေ့လည် ၁ နာရီ ၅ မိနစ်တွင် (ထ/၁၅)ရပ်ကွက်၊ရွှေဘုံသာ(၃)လမ်းရှိ မဝေသူဇာလွင်(ခ)ဝေသူ(၃၇)နှစ်၏ နေအိမ်မှ စိတ်ကြွဆေးပြား ၅၆၀၀ ပြား၊ နေ့လည် ၁ နာရီ ၄၀ မိနစ်၌ ယင်းလမ်းတွင် မနိုင်နိုင်၀င်း(ခ)မနိုင်(၄၄)နှစ်အား စိတ် ကြွဆေးပြား ၆၀၀ ပြားတို့နှင့်အတူထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် မွန်းလွဲ ၂ နာရီခွဲ၌ ရွှေပြည်သာမြို့နယ်၊(၉) ရပ်ကွက်၊မြနန္ဒာလမ်းရှိ ကျော်လှ၀င်း(ခ)ကုလား (၄၂)နှစ်၏ နေအိမ်မှ စိတ်ကြွဆေးပြား ၁၁၆၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာရဲ စခန်းများတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေး ယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here