ဥရောပနိုင်ငံများသည် ရုရှားရေနံတစ်စည်ကို ဒေါ်လာ ၆၀ အမြင့်ဆုံးဈေးသတ် မှတ်၍ ဝယ်ယူသွားမည်

0
297

ဥရောပသမဂ္ဂသည် မော်စကို၏ ဝင်ငွေနှင့် ယူကရိန်းစစ်ပွဲ၌ ပူတင်၏ ငွေကြေး ဆက်လက် ထောက်ပံ့နိုင်စွမ်းကို သိသိသာသာ လျှော့ချရန်အတွက် ရုရှား ရေနံတစ်စည်လျှင် ဒေါ်လာ ၆၀ ဖြင့်အမြင့်ဆုံး ဈေးနှုန်း သတ်မှတ်ရန် သဘောတူညီခဲ့သည်။

မဲမပေးဘဲ စောင့်ဆိုင်းနေသော ပိုလန်နိုင်ငံသည် နိုင်ငံများက ရေနံတစ်စည်လျှင် ဒေါ်လာ ၆၀ ထက်ပို၍ မပေးဆောင်ရမည့် သဘောတူညီချက်ကို ဒီဇင်ဘာလ ၂ ရက် သောကြာနေ့က ထောက်ခံခဲ့သည်။ အီးယူ ၂၇ နိုင်ငံစလုံးက အဆိုပါ သဘောတူညီချက်ကို ထောက်ခံခဲ့ကြသည်။

အသေးစိတ်အချက်အလက်များကို တနင်္ဂနွေနေ့တွင် ဥရောပသမဂ္ဂ၏ တရားဝင် ဂျာနယ်၌ ထုတ်ပြန်သွားမည်ဖြစ်သည်။

ထိုသဘောတူညီချက်သည် ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်ခြင်းမှ ကာကွယ်ရန် ရည်ရွယ်နေသော အနောက်နိုင်ငံများအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here