ဖခင်ဖြစ်သူကွယ်လွန်ခြင်း ၄ နှစ်ပြည့်မှာလူ ၂၀၀၀ စာ အုန်းနို့ခေါက်ဆွဲ ကျွေးမွေးလှူဒါန်းခဲ့တဲ့မိုက်တီးတို့မောင်နှမ

0
430

ဒါရိုက်တာမိုက်တီးတို့မောင်နှမတွေအနေနဲ့ ဖခင်ဖြစ်သူရဲ့ ကွယ်လွန်ခြင်း ၄ နှစ်ပြည့်နေ့လေးမှာ ဖခင်ဖြစ်သူအတွက်ရည်ရွယ်ပြီးအုန်းနို့ခေါက်ဆွဲ လူ အယောက် ၂၀၀၀ စာ အုန်းနို့ခေါက်ဆွဲကျွေးမွေးလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

အခုလိုလှူဖြစ်တာနဲ့ပတ်သက်ပြီး လင်းဇာနည်ဇော်က

” အဖေ့ရဲ့ ၄ နှစ်ပြည့်အလှူလေးအဖြစ် အုန်းနို့ခေါက်ဆွဲလှူဖြစ်တာ လူအယောက် ၂၀၀၀ စာဖြစ်သွားတယ် ဒီတစ်ခါကတော့လူအများကြီးကိုကျွေးနိုင်တဲ့နှစ်လေးပါ အဖေဆုံးသွားပေမယ့်လည်း အဖေဆုံးသွားတယ်လို့မတွေးပဲအမြဲစိတ်ထဲမှာအဖေရှိနေသေးတယ်ဆိုတဲ့စိတ်လေးပဲထားထားတယ် အဖေမရှိဘူးဆိုတဲ့စိတ်ကိုထားမိရင်ပြိုလဲမှာစိုးလို့ အဖေအသက်ရှင်နေသေးတယ်လို့ပဲအမြဲတွေးတယ် ” လို့ပြောပါတယ်။

ဆက်လက်ပြီး ချစ်ချစ်ဇော်ကအဖေနဲ့ပတ်သက်ပြီးအမှတ်တရတွေအများကြီးပါပဲ အဖေလည်းနာရီပတ်ရတာကြိုက်သလို ကိုမိုက်လည်း နာရီပတ်ရတာအရမ်းကြိုက်တယ် ဒါပေမယ့် မောင်နှမတွေထဲမှာ အဖေနဲ့အကျင့်တူဆုံးက အမပါပဲလို့ ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here