မော်လမြိုင်ကျွန်းမြို့အား Clean City, Green City မြို့ဖြစ်စေရန် အမှိုက်တစ်ပိဿာလျင် ငွေ ၁၀၀ ကျပ်ဖြင့်ဝယ်ယူ

0
229

ဧရာဝတီတိုင်း၊မော်လမြိုင်ကျွန်းမြို့အား Clean City , Green City မြို့ဖြစ်စေရန် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အမှိုက်များဝယ် ယူခဲ့သည်။

မော်လမြိုင်ကျွန်းမြို့၊အမှတ်(၁)ရပ်ကွက်၊မဟာဗန္ဓုလလမ်းနှင့်(၁)လမ်းထောင့်ရှိ နာရေးကူညီမှု အ သင်းရုံးရှေ့တွင် ဒီဇင်ဘာ ၃ ရက်(ယနေ့)နံနက် ၈ နာရီမှ ၁၁ နာရီမထိ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဝယ်ယူလျက်ရှိကြောင်း သိရသည်။

မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံမှ မီးဖို ချောင်သုံးစွန့်ပစ်အမှိုက်နှင့်ပစ္စည်းများ၊ အသုံးမလိုတော့သည့် ကြွပ်ကြွပ်အိတ်၊ပလပ်စတစ်အိတ်များနှင့်လူသုံးကုန် ပစ္စည်းဟောင်းများအား ၁ ပိ ဿာလျှင် ငွေကျပ် ၁၀၀ နှုန်းဖြင့်ဝယ်ယူခဲ့ရာ အ မှိုက်ပိဿာချိန် ၂၁၅၀ ပိဿာဝယ်ယူရရှိခဲ့ကြောင်း သိရသည်။

အမှိုက်ဝယ်ယူမည့်အစီအစဥ်အား ရပ်ကွက်အ လိုက် အသံချဲ့စက်များဖြင့် လိုက်လံ၍ကြိုတင်အသိပေးကြော်ငြာခဲ့ခြင်းဖြစ်ပြီး အပတ်စဉ် စနေနေ့တိုင်းဝယ်ယူသွားမည်ဟု သိရသည်။

“အမှိုက်ဝယ်မယ်ဆိုပြီး ညကအသံချဲ့စက်နဲ့လိုက်ပြောနေတဲ့အချိန်က နောက်နေတယ်ပဲထင်တာ တစ်ခါမှမကြုံဘူးသေးတာ မနက်ကြတော့ သူ များတွေအမှိုက်ထုတ်ကြီးတွေနဲ့သွားကြတာတွေ့မှ မယုံတစ်ဝက် ယုံတစ်ဝက်နဲ့သွားကြည့်တော့မှ တ ကယ်ဝယ်တာကိုသိရတာ အခုဆိုရင် အမှိုက်လိုက်ကောက်ပြီးစုနေတဲ့လူတွေတောင်ရှိတယ် လမ်းတွေမှာတော့အမှိုက်တွေအတော်ရှင်းသွားပြီး အမှိုက်တစ်ပိဿာကို ၁၀၀ ကျပ်ပေးတယ်”ဟု မော်လမြိုင်ကျွန်းမြို့နေ ဒေါ်တင်တင်စိန်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here