နစက ဥက္ကဋ္ဌသွားရောက်ဖူးမြှော်ခဲ့သည့် မန်းရွှေ စက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက်တွင်စတင်ကျင်းပမည်

0
249

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားရောက်ဖူးမြှော်ခဲ့သည့် မကွေး တိုင်း၊မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား ၂၀၂၃ ခုနှစ်၊ဇန်နဝါရီ ၂၅ ရက်တွင်စတင်ကျင်းပသွားမည်ဖြစ်သည်။

မန်းရွှေစက်တော်ဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်အား အစဉ်အလာမပျက်စည်ကားသိုက်မြိုက်စွာဖွင့်လှစ်နိုင်ရန် မန်းရွှေစက်တော်ဘုရားကြီး၏ ဩဝါဒါစရိယ ဆရာတော်များထံမှ ဩဝါဒခံယူ၍ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။

ထို့ပြင် ဘုရားဖူးလာရောက်သူများ အဆင်ပြေစေရန် တည်းခိုဆောင်အလုံး ၁၀၀၀ ခန့်နှင့်ဈေးဆိုင်ခန်းပေါင်း ၅၀၀ ကျော် ဆောက်လုပ်ပေးသွားမည်ဖြစ်ကာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ တည်းခိုဆောင်များ၌ စနစ်တကျ ညအိပ်တည်းခို နားနေခွင့်ပြုမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီမှ သိရသည်။

ထို့အတူ ဘုရားဖူးလာရောက်သူများ စိတ်အေး ချမ်းသာစွာဖူးမြော်နိုင်ရန် လုံခြုံရေးအစီအမံများကိုလည်း စနစ်တကျစီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်၌ ဘုရားပွဲတော်ကျင်းပမည့်နေရာများ၊တည်ခိုဆောင်နှင့်ဆိုင်ခန်းနေရာများ ဆောက်လုပ်နိုင်ရန် မြေနေရာသတ်မှတ်ခြင်းနှင့်မန်းချောင်းရေလမ်းကြောင်းလွှဲခြင်း၊တည် ဆောက်ပြုပြင်ခြင်းလုပ်ငန်းများအား မန်းရွှေစက် တော်ဘုရားပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ နစက ဥက္ကဋ္ဌ လမ်းညွှန်မှာကြားခဲ့သည့် မန်းရွှေစက်တော်အောက်စက်တော်ရာ(ခြေတော် ရာ)အား ဘုရားဖူးလာသူများ ရာသီမရွေးသွား ရောက်ဖူးမြော်နိုင်စေရန် မန်းချောင်းတံတား(အထူးတံတား)အား ဘေလီသံပေါင်တံတားအဖြစ် အမှတ်(၉၆၇)ဆောက်လုပ်ရေးတပ်ခွဲ၊အင်ဂျင်နီယာတပ်မှ တည်ဆောက်ပေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here