ရှီကျင့်ဖျင်က ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးမည့် အရိပ်အယောင်ပြလာ

0
175

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သူ၏ ကိုဗစ် လုံးဝပပျောက်ရေး မဟာဗျူဟာကြောင့် နိုင်ငံအတွင်း သိသာသော တိုးတက်ပြောင်းလဲမှု မရှိသည့်အပေါ် အားမလို အားမရ ဖြစ်သည်ကို အသိအမှတ်ပြုလာကြောင်း ဥရောပသမဂ္ဂ အရာရှိက စီအင်န်အင်န် သတင်းဌာနသို့ ပြောကြားခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံအနှံ့ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပြီးနောက် ရှီ၏ အမြင် ပြောင်းလဲလာခြင်း ဖြစ်သည်။

ရှီက ဆန္ဒပြသူအများစုမှာ သုံးနှစ်ကြာ ကိုဗစ်ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို ခံစားခဲ့ရသော  စိတ်ပျက်အားငယ်နေသည့် ကျောင်းသားများသာဖြစ်ကြောင်း ပေကျင်းမြို့သို့ အလည်အပတ်ရောက်ရှိနေသော ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ် မီရှယ်အား ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။

“ရှီက အိုမီခရွန်ဟာ ဒယ်တာလှိုင်းထက် သေဆုံးမှု ပိုမိုနည်းပါးတာကြောင့် တရုတ်အစိုးရအတွက် ကိုဗစ် ကန့်သတ်ချက်တွေကို ပိုပြီး လျှော့ချပေးလို့ရတယ်လို့ ခံစားလာရတယ်ဟုလည်း ပြောခဲ့ပါတယ်” ဟု မီရှယ်က ဆိုသည်။

တရုတ်ပြည်အနှံ့ လော့ခ်ဒေါင်း ဆန့်ကျင်ဆန္ဒပြမှုများ ဖြစ်ပွားပြီးနောက် နိုင်ငံရှိ နေရာအချို့တွင် ပိတ်ဆို့ကန့်သတ်မှုများခြင်း ရုတ်သိမ်းခြင်းနှင့် အိမ်အတွင်း သီးသန့်ခွဲ နေခွင့်ပြုခြင်း အပါအဝင် ကိုဗစ်ဆိုင်ရာ ကန့်သတ်ချက်များကို ဖြေလျော့ပေးမည်ဟူသော အရိပ်အမြွက်များပြသနေချိန်တွင် ရှီ၏ အဆိုပါ မှတ်ချက်စကား ထွက်ပေါ်လာခြင်းဖြစ်သည်။

Source: CNN


LEAVE A REPLY

Please enter your comment!
Please enter your name here