နိုဝင်ဘာလအတွင်း ကိုရီးယားနိုင်ငံသို့ မြန်မာအ လုပ်သမား ၇၀၀ ကျော်အားစေလွှတ်နိုင်ခဲ့

0
135

ကိုရီးယားနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီများမှတစ်ဆင့် EPS စနစ်ဖြင့် နိုဝင်ဘာ လအတွင်း၌ မြန်မာအလုပ်သမား ၇၂၀ ဦးအား စေလွှတ်နိုင်ခဲ့သည်ဟု မြန်မာသံရုံး၊ဆိုးလ်မြို့မှ သိရသည်။

မြန်မာအလုပ်သမားများအား နိုဝင်ဘာ ၂၉ ရက်တွင် ၁၄၉ ဦး၊ ၂၄ ရက်တွင် ၁၁၀ ဦး၊ ၁၇ ရက်တွင် ၁၂၆ ဦး၊ ၁၅ ရက်တွင် ၁၄၈ ဦး၊ ၁၀ ရက်တွင် ၅၁ ဦး၊ ၃ ရက်တွင် ၂၇ ဦးနှင့် ၁ ရက်တွင် ၁၀၉ ဦးအသီးသီးစေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

ကုန်ထုတ်လုပ်သားသစ်များ၊ CBT ကုန်ထုတ်လုပ်သားများ၊ Re-entry ကုန်ထုတ်လုပ်သားများ၊ ဆောက်လုပ်ရေးလုပ်သားသစ်များ၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သားများ၊ Regular ကုန်ထုတ် လုပ်သားများ၊ Re-entry စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်သားများနှင့် Regular ကုန်ထုတ်လုပ်သားသစ်များကို စေလွှတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စေလွှတ်ခဲ့သည့် အလုပ်သမားများသည် ရန်ကုန်လေဆိပ်မှတဆင့် ကိုရီးယားနိုင်ငံ၊အင်ချွန်းလေဆိပ်သို့ ရောက်ရှိချိန်၌ မြန်မာသံရုံး၊ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိကကြိုဆိုကာ အ လုပ်သမားများသိရှိလိုက်နာသင့်သည့် အချက်များကိုမှာကြားပြီး လိုအပ်သည်များကူညီပံ့ပိုးပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here