တောင်ဥက္ကလာပမြို့နယ်ရှိ Transporter Restaurant & Bar ၏ ကားပါကင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

0
491

ရန်ကုန်တိုင်း၊တောင်ဥက္ကလာပမြို့နယ်၊ဝေဇယန္တာလမ်းပေါ်ရှိ Transporter Restaurant & Bar ၏ကားပါကင်တွင် ဒီဇင်ဘာ ၃ရက်ညပိုင်းက ဗုံးပေါက်ကွဲမှဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ည ၈ နာရီခွဲကျော်ခန့်က ဝေဇယန္တာလမ်းပေါ်ရှိ Transporter Restaurant & Bar တွင်ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ကြသည်။

အဆိုပါ Transporter Restaurant & Bar ၏ကားပါကင်၌ ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး လက်လုပ်ဗုံးအပိုင်းအစများအား လုံခြုံရေးအဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ညကတော့ ဗုံးပေါက်သံအကျယ်ကြီးကြားရတယ် နောက်ပြီး လူနာတင်ကားရောက်လာတဲ့အ သံလည်းကြားတယ် ထွက်ကြည့်ဖို့ကမလွယ်ဘူးလေ လမ်းတွေပိတ်ပြီး စစ်ဆေးနေတာဆိုတော့” ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးကပြော သည်။

ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ် ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here