နေပြည်တော်တွင် အသေးစား ရေအားလျှပ်စစ်စက်ရုံနှင့် အခြားလျှပ်စစ်ဓာတ်‌အားပေး စက်ရုံများ တည်ဆောက်မည်

0
366

နေပြည်တော်ကောင်စီ နယ်မြေအတွင်း၌ အသေးစား ရေ အားလျှပ်စစ်နှင့် အခြား ဓာတ်အားပေးစက်ရုံများ တည် ဆောက်ရန် စီစဉ်နေပြီး စက်ရုံတည်ဆောက်နိုင်မည့် မြေနေရာများအား စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြော င်း သိရသည်။

လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် ဒုတိယဝန်ကြီးတို့သည်  နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်းရှိ အသေးစားရေအား လျှပ်စစ်နှင့် အခြားလျှပ် စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက်နိုင်မည့် နေရာများသို့ ဒီဇင်ဘာ (၃) ရက်နံနက်ပိုင်းက သွားရောက် ကြည့် ရှုစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ သွားရောက် ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် လျှပ်စစ်ဓာတ်အား ရရှိမှုသည် အဓိကကျသည့်အတွက် လျှပ်စစ်ဓာတ်အားထုတ် ယူရရှိနိုင်သည့် စီမံကိန်းအသစ်များကို စဉ်ဆက်မပြတ်အ ကောင်အထည်ဖော်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အပြင် စီမံကိန်းဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်း ကျင် ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ကြရန်နှင့် ယင်းသို့ ဆောင်ရွက်နေသည်ကို ပြည်သူအားနားလည်သဘောပေါက်အောင် ရှင်းလင်းပြကြရန်လည်း မှာကြားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ပေါင်းလောင်းရေလွှဲဆည်နှင့် အောက်ဘက် နေရာ(၂)ခုတွင် အသေးစားရေအားလျှပ်စစ် စက်ရုံတည် ဆောက်ရန်နှင့် ပေါင်းလောင်းချောင်း၏ အရှေ့ဘက်ခြမ်းတွင် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံနှင့် အခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် သင့်တော်မည့်နေရာများကို ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ကြည့်ရှုရာတွင် တာဝန်ရှိသူများက မြေနေရာအ ကျယ်အဝန်း၊ ဖြစ်မြောက်နိုင်စွမ်း၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ဆန်းစစ်မှုတို့နှင့် ပတ်သက်၍ ရှင်း လင်းတင်ပြခဲ့ကြောင်း သိရသည်။ 

ထို့နောက် လယ်ဝေးမြို့နယ်ရှိ သဲဖြူရေလှောင်တမံနှင့် ချောင်းမငယ်ရေလှောင်တမံများသို့ သွားရောက်၍ ရေပေါ်နေရောင်ခြည်စွမ်းအင်သုံးစနစ်များ ဖြစ်မြောက်နိုင်စွမ်းကိုလည်းကောင်း၊ အခြားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ တည်ဆောက်ရန် သင့်တော်မည့်နေရာများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ ကြောင်းလည်း သိရသည်။ 

နိုင်ငံတော်၏ နှစ်စဉ်တိုးတက် သုံးစွဲလာမည့် လျှပ်စစ် ဓာ တ်အား လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းဆောင် ရွက် ပေးနိုင်မည်ဆိုပါက စီးပွားရေး လုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အပြင် ဒေသခံပြည်သူ များ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ရရှိလာပြီး လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောကြားခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here