သင့်တော်သည့်အချိန်ရောက်လျှင် ယူကရိန်းသို့သမ္မတပူတင်သွားမည်ဟုဆို

0
275

မော်စကို၊ဒီဇင်ဘာ ၃

ရုရှားသမ္မတဗလာဒီမာပူတင်သည် သင့်လျော်သည့်အချိန်ရောက်လျှင် ယူကရိန်းအရှေ့ပိုင်းဒွန်ဘတ်စ်ဒေသသို့ သွားမည်ဖြစ်ကြောင်း ရုရှားသတင်းအေဂျင်စီများအား ခရင်မလင်နန်းတော်ကပြောကြားခဲ့သည်ဟုသိရှိရသည်။

သမ္မတပူတင်သည် ဒွန်ဘတ်စ်ဒေသအားသိမ်းပိုက်ထားပြီး ၎င်း၏ခရီးစဉ်က ယူကရိန်းနှင့်အနောက်အုပ်စုအား ဒေါသထွက်စေမည်မှာမလွဲဧကန်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ခရင်မလင်ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov ကလည်း “အချိန်တန်ရင်ဒီလိုပဲဖြစ်လာမှာပါ၊ဒီဒေသဟာ ရုရှားဖက်ဒရေးရှင်းရဲ့ဒေသတစ်ခုပါပဲ” ဟုပြောကြားခဲ့ပြီး သမ္မတပူတင်သွားမည့်ရက်ကိုမူ အတိအကျပြောကြားခြင်းမရှိခဲ့ပေ။

ယခုမှတ်ချက်သည် သမ္မတပူတင်နှင့်ဂျာမန်ဝန်ကြီးချုပ် အိုလက်ဖ်ရှို့ဖ်တို့သောကြာနေ့ကဖုန်းဖြင့်ဆွေးနွေးမှုအပြီးတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။သမ္မတပူတင်က အနောက်အုပ်စု၏ယူကရိန်းသို့ပံ့ပိုးမှုသည် အဖျက်သဘောဆောင်ခြင်းမျိုးဖြစ်သည်ဟု ဂျာမန်ဝန်ကြီးချုပ်အားပြောကြားခဲ့သည်။

အခြားတစ်ဖက်ကလည်း ဂျာမန်ဝန်ကြီးချုပ်က သမ္မတပူတင်အား ကမ္ဘာ့စားနပ်ရိက္ခာနှင့်လောင်စာအကျပ်အတည်းဖြစ်ပေါ်စေသည့် ယခုစစ်ပွဲအားအဆုံးသတ်ကာ ယူကရိန်းမှရုရှားတပ်များကိုဆုတ်ခွာပေးစေလိုကြောင်းလည်း အကြုံပြုခဲ့ကြောင်းသိရှိရသည်။

သို့သော်သမ္မတပူတင်သည် ယူကရိန်းသို့အနောက်အုပ်စု၏ အဖျက်သဘောဆောင်သော ထောက်ပံ့မှုကိုသာတွင်တွင်ပြစ်တင်ဝေဖန်ခဲ့ပြီး ယင်းထောက်ပံ့မှုများကြောင့်သာ ဆွေးနွေးရေးအစီအစဉ်ကိုပျက်ပြယ်စေသည်ဟုဆိုခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here