သမ္မတဘိုင်ဒင်မိသားစုအတွက် ငှားရမ်းသော ကား ၅စင်း မီးလောင်

0
269

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်မိသားစု စီးနင်းရန်အတွက် ပြင်ပကုမ္ပဏီတစ်ခုမှ ငှားရမ်းခဲ့သော ကား ၅ စင်း မီးလောင်ပျက်စီးခဲ့ခြင်း မှန်ကန်ကြောင်း လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့(Secret Service)က အတည်ပြုပြောကြားလိုက်သည်။

အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်ရှိ Nantucket အမှတ်တရလေဆိပ်တွင် ပြီးခဲ့သည့် တနင်္လာနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရသူမရှိသော်လည်း လေဆိပ်မှ လေယာဉ်ဆီတိုင်ကီများနှင့် ပေ ၄၀မျှ အကွာအဝေးတွင်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

ယင်း ကား ၅စင်းမှာ သမ္မတ ဂျိုးဘိုင်ဒင်နှင့် မိသားစု အဆိုပါဒေသ၌ ကျေးဇူးတော်နေ့အတွက်အစဉ်အလာမပျက် ရောက်ရှိနေစဉ် အသုံးပြုရန်အတွက် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့(Secret Service)က Hertz ကုမ္ပဏီမှ ငှားရမ်းခဲ့ခြင်းဖြစ်ကာ၊ အဆိုပါ ကုမ္ပဏီသို့ ကားများပြန်လည်အပ်နှံပြီး ၂၄ နာရီမပြည့်မီဖြစ်သော နိုဝင်ဘာ ၂၈ ရက်နေ့က ရုတ်တရက် မီးလောင်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်ရပ်ကို သက်ဆိုင်ရာက စုံစမ်းနေဆဲဖြစ်သော်လည်း ယခင်က ဖြစ်ပွားခဲ့ဖူးသော ပူးပေါင်းကြံစည်မှုဇာတ်ကြောင်းများအရ၊ အမေရိကန်သမ္မတကို အန္တရာယ်မှ ကင်းရှင်းစေရန် တာဝန်ပေးထားသည့် လျှို့ဝှက် ထောက်လှမ်းရေးအဖွဲ့(Secret Service)၏ သစ္စာစောင့်သိမှုနှင့်ပတ်သက်၍ မေးခွန်းထုတ်ဖွယ်ရာများဖြစ်လာခဲ့ကြောင်း Newsweek မဂ္ဂဇင်းကြီးက ရေးသားထားသည်။

Ref: Claims Of Secret Service Conspiracy as Biden’s Cars Catch Fire(Newsweek)


LEAVE A REPLY

Please enter your comment!
Please enter your name here