တာမွေမြို့နယ်တွင် ငွေကျပ် သိန်း (၇၅၀) ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

0
145

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်တွင် ငွေကျပ် သိန်း (၇၅၀) ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထံမှ ဒီဇင်ဘာ ၄ ရက်တွင် သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့၀င်များသည် ဒီဇင်ဘာလ ၂ ရက်၊ ည ၈ နာရီ အချိန်တွင် တာမွေမြို့နယ်၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊ အောင်မင်္ဂလာပတ်လမ်းရှိ ထွန်းနိုင်ဦး(ခ)ကော်ကော် ၏ နေအိမ်အား သက်သေ များနှင့်အတူ ၀င်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်အတွင်းမှ အက်တက်စီဆေးပြား ၄၅၈ ပြား(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၁၈၃.၂ သိန်း)၊ ကက်တမင်းအလေးချိန် ၁၁၅၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၅၇၅ သိန်း)နှင့် လက်ကိုင်ဖုန်း ၁ လုံး တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ထွန်းနိုင်ဦး(ခ)ကော်ကော် (၂၅)နှစ်အား တာမွေမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here