ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေတွင်နံနက်ပိုင်းက ၂ ထပ်နေအိမ်မီး လောင်မှုဖြစ်ပွား

0
278

မန္တလေးတိုင်း၊ညောင်ဦးမြို့နယ်၊ပုဂံရှေးဟောင်းယဥ်ကျေးမှုနယ်မြေ၊မင်းနန်သူကျေးရွာအုပ်စု၊မင်းနန်သူကျေးရွာတွင် ဒီဇင်ဘာ ၄ ရက်(ယနေ့)နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင်မီးသတ်တပ်ဖွဲ့နှင့် Bagan Rescue အသင်းတို့မှ သိရသည်။

ယနေ့နံနက် ၉ နာရီ ၁၄ မိနစ်ခန့်က မင်းနန်သူကျေး ရွာရှိ ၂ ထပ်နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ် ပွားကြောင်း သတင်းအရ ညောင်ဦးခရိုင်/မြို့နယ်မီးသတ်၊ပုဂံနယ်မြေမီးသတ်စခန်း၊ပုဂံအရန်မီး သတ်စခန်း၊ Bagan Rescue အသင်းနှင့်ကျေးရွာနေသူများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၉ နာရီခွဲကျော်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် သွပ် မိုး၊ထရံကာ၊ဝါးကြမ်းခင်း ၂ ထပ်နေအိမ်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“မီးလောင်တဲ့ဖုန်းသတင်းရတာနဲ့ မီးသတ်တပ်ဖွဲ့တွေနဲ့အတူဝိုင်းငြှိမ်းပေးခဲ့ပါတယ် ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး မီးလောင်တာကိုမြင်ပြီး ဖြစ်စဥ်အိမ်က အမျိုးသမီး ၃ ယောက်နည်းနည်းရှော့ဖြစ်သွားလို့ ပြုစုပေးရတာလောက်ပဲရှိပါတယ် သူတ်ု့ ၃ ယောက်လုံးလည်းပြန်ကောင်းသွားပါတယ်”ဟု Bagan Rescue အသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်၌ ဘေးအိမ်များအား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းမရှိဘဲ မီးစတင်လောင် ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ် ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here