ညောင်နှစ်ပင်စက်မှုဇုန်(၁)၊မှော်ဘီ-လှည်းကူးနယ်စပ်တွင် ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလီလူမျိုး ၇၁ ဦးအား စစ်ဆေးမေးမြန်းလျက်ရှိ

0
330

ရန်ကုန်တိုင်း၊ညောင်နှစ်ပင်စက်မှုဇုန်(၁)၊မှော်ဘီ-လှည်းကူးနယ်စပ်ရှိ M-4 C5 လမ်းဆုံတွင် နိုဝင်ဘာ ၂၇ ရက်ညပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားနေ ဘင်္ဂါလီလူမျိုးအမျိုးသားတစ်ဦးပါဝင်သည့် ဘင်္ဂလီလူမျိုး ၇၁ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့ည ၉ နာရီခွဲခန့်က မြန်မာနိုင်ငံသား ၂ ဦးမောင်းနှင်လိုက်ပါလာသည့် ဂျင်းအိတ်များတင် ဆောင်ထားသော ၁၂ ဘီးကားသည် လမ်းဘေးမြောင်းအတွင်းထိုးကျတိမ်းမှောက်ခဲ့ရာ ကားပေါ် ၌ ဘင်္ဂါလီလူမျိုးများတွေ့ရှိကြောင်း သတင်းအရ ပူးပေါင်းအဖွဲ့ဖြင့်သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရသည်။

အခင်းဖြစ်နေရာ၌ မြန်မာနိုင်ငံသား ၂ ဦးမှာ ကားအားထား၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြသဖြင့် ယာဉ်ပိုင်ရှင်/ယာဉ်မောင်းတို့၏ အချက်အ လက်များအား လှည်ကူးမြို့မရဲစခန်းက စုံစမ်းစစ် ဆေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် အထောက်အထားမဲ့ဝင်ရောက်လာသည့် ဘင်္ဂါလီလူမျိုး အမျိုးသား ၅၄ ဦး၊အ မျိုးသမီး ၁၄ ဦး(စုစုပေါင်း ၆၈ ဦး)တို့အား ဂျင်းအိတ်များအောက်၌ အံဝှက်ပြုလုပ်ထားသည့်နေရာတွင် ပုန်း၍လိုက်ပါလာသည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ထို့ကြောင့် စစ်ဆေးတွေ့ရှိခဲ့ရသည့် ဘင်္ဂလီလူမျိုးများအား ည ၁၁ နာရီခွဲတွင် လှည်းကူးမြို့မရဲစ ခန်းသို့ပို့ဆောင်ခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်မွန်းတည့် ၁၂ နာရီတွင် ဖြစ်စဉ်နေရာအနီး၌ အသက်(၁၈)နှစ်အရွယ်ရှိ ဘင်္ဂါလီလူမျိုးအမျိုးသားတစ်ဦး၊ နိုဝင် ဘာ၂၉ ရက်ညနေ ၅ နာရီတွင် ဖြစ်စဉ်နေရာနှင့်တစ်မိုင်ခန့်အကွာ၌ အသက်(၁၆)နှစ်နှင့်(၁၉)နှစ်အရွယ်တို့ရှိ ဘင်္ဂလီလူမျိုးအမျိုးသား ၂ ဦးတို့အား ထပ်မံဖမ်းဆီးရမိခဲ့သဖြင့် စုစုပေါင်း ဘင်္ဂလီလူမျိုး ၇၁ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ဖမ်းဆီးရမိခဲ့သည့် ဘင်္ဂလီလူမျိုး ၇၁ ဦးအနက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ကော့ဘဇားနေ ဘင်္ဂါလီလူမျိုးအမျိုးသားတစ်ဦးပါဝင်၍ ၎င်းအား လဝက အက် ၃(၁)/၁၃(၁)ဖြင့်အရေးယူရန် ဆောင်ရွက်လျက်ရှိပြီး ခေါ်ဆောင်လာသည့် ပွဲစားပါ၊မပါအား စစ် ဆေးလျက်ရှိကြောင်း သိရသည်။

ထို့အတူ ကျန်ရှိသည့် ဘင်္ဂလီလူမျိုးများနှင့်ပတ် သက်၍ အရေးယူနိုင်ရန် တာဝန်ရှိသူများက နိုင်ငံ သားနှင့်ဖြစ်စဉ်အသေးစိတ်အား စစ်ဆေးမေး မြန်းလျက်ရှိကြောင်း နစက ကထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here