ရေနံတစ်စည်လျှင် ၆၀ ဒေါ်လာ‌ ဈေးနှုန်းကိုရုရှားပယ်ချ၊‌ ဈေးတိုးမပေးလျှင် တင်ပို့မှုရပ်တန့်မည်ဟုဆို

0
319

ကိဗ်၊ဒီဇင်ဘာ ၄

ရုရှားအာဏာပိုင်များသည် ယူကရိန်းထောက်ခံသူအနောက်အုပ်စု၏ ရေနံဈေးသတ်မှတ်မှုကိုပယ်ချကာ ထောက်ခံသည့်နိုင်ငံများကိုလည်း ရေနံ ရောင်းချခြင်းအား ရပ်တန့်ပစ်မည်ဟုခြိမ်းခြောက်ခဲ့သည်။

ဩစတြေးလျ၊ဗြိတိန်၊ကနေဒါ၊ဂျပန်၊အမေရိကနှင့်ဥရောပသမဂ္ဂ ၂၇ နိုင်ငံတို့သည် ရုရှားရေနံ ကို တစ်စည်လျှင်ဒေါ်လာ ၆၀ ဖြင့် ကန့်သတ်ခဲ့ကြပြီး အဆိုပါကန့်သတ်ချက်သည် လာမည့်တနင်္လာနေ့မှစတင်အသက်ဝင်မည်ဖြစ်ကြောင်းသိရှိရသည်။

အဆိုပါကိစ္စကြောင့်ပင် “ဒီနှစ်ကစလို့ဥရောပဟာ ရုရှားရဲ့ရေနံမပါဘဲနေရပါလိမ့်မယ်” ဟု ရုရှားနိုင်ငံတကာအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။မော်စကိုသည်ဈေးနှုန်းကန့်သတ်သည့်နိုင်ငံများအား လောင်စာထောက်ပံ့မှုလုံးဝရပ်ဆိုင်းလိုက်တော့မည်ဟုလည်းသတိပေးခဲ့သည်။

သို့သော်သမ္မတဇလန်းစကီးရုံးမှတာဝန်ရှိသူတစ်ဦးဖြစ်သည့် Andriy Yermak ကမူ “ရန်သူရဲ့စီးပွားရေး မြန်မြန်ဖျက်စီးနိုင်ဖို့အတွက် လိုအပ်ရင်တစ်စည်ဒေါ်လာ ၃၀ နဲ့လည်း သတ်မှတ်ရင်သတ်မှတ်ရပါလိမ့်မယ်” ဟုဆိုခဲ့သည်။

ယခုကဲ့သို့ဈေးနှုန်းကန့်သတ်ချက်နှင့်ပတ်သက်၍ ဝါရှင်တန်ရှိရုရှားသံရုံးက ရုရှားရေနံသည် ဝယ်လိုအားဆက်ရှိနေဦးမည်ဟုအခိုင်အမာပြောဆိုကာ ဈေးနှုန်းကန့်သတ်လိုက်ခြင်းသည် ဈေးကွက်များ လွတ်လပ်စွာလုပ်ဆောင်နိုင်ခြင်း၏ အခြေခံမူများကိုချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟုပြစ်တင်ဝေဖန်ခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here