ထိုင်းနိုင်ငံတွင် မြက်ရိတ်နေသည့် မြန်မာနိုင်ငံသားတစ်ဦး ရေမြောင်းဟောင်းအတွင်း ပြုတ်ကျ၍ ရေနစ်သေဆုံး

0
246

ထိုင်းနိုင်ငံ၊ရနောင်းခရိုင်၊မင်ရနောင်းမြို့ရှိ အုန်းခြံတစ်ခြံအတွင်း၌ ရေမြောင်းဟောင်းအတွင်း ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းက မြက်ရိတ်နေသည့် မြန်မာနိုင်ငံသားပြုတ်ကျကာ ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့နံနက်ပိုင်းက အုန်းခြံအတွင်း၌ မြက်ရိတ်နေသည့် မြန်မာနိုင်ငံသားအား ညနေပိုင်းရောက်သည်အထိ တွေ့ရှိရခြင်းမရှိ၍ ပိုင်ရှင်ဖြစ်သူမှလိုက်လံရှာဖွေမေးမြန်းခဲ့သည်။

ထိုသို့ ရှာဖွေရာ အုန်းခြံအတွင်းရှိ ၁၀ မီတာအနက်ရှိ ရေမြောင်းအနီး မသင်္ကာသည့်အခြေအနေအားတွေ့ရှိခဲ့၍ ပိုင်ရှင်ဖြစ်သူက တာ ဝန်ရှိသူများထံဆက်သွယ်အကြောင်းကြားခဲ့သည်။

ထို့ကြောင့် မင်ရနောင်းမြို့မှတာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းများက လာရောက်စစ်ဆေးရာ မြန်မာနိုင်ငံသားအား ရေမြောင်းအတွင်း၌ မြက်ရိတ်စက်အားဖက်တွယ်လျက် ရေနစ်သေ ဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

သေဆုံးသူမြန်မာနိုင်ငံသား၏ ရုပ်အလောင်းအား လူမှုကူညီရေးအသင်းကားဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး ဖြစ်စဥ်အသေးစိတ်အားသိရှိနိုင်ရန် ရနောင်းခရိုင်ရှိဆေးရုံသို့ထပ်မံပို့ဆောင်၍ ရင်ခွဲစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here