အီရန်နိုင်ငံ ခူဇီစတန်ပြည်နယ်တွင် နျူဓာတ်အားပေးစက်ရုံအသစ်တည်ဆောက်နေဟုဆို

0
165

အီရန်နိုင်ငံ၏အဏုမြူစွမ်းအင်အေဂျင်စီသည် နိုင်ငံ၏အနောက်တောင်ပိုင်း ခူဇီစတန်ပြည်နယ်၌ နျူစက်ရုံအသစ်တစ်ခုတည်ဆောက်ရေးကိုစတင်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့ကပြောကြားခဲ့သည်။

ကုလသမဂ္ဂနျူကလီးယားဆိုင်ရာအကြီးအကဲက အီရန်နှင့်နျူဆိုင်ရာသဘောတူညီချက်ဆက်ဆံရေး လမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိရန်လိုအပ်ပြီဟု ဆိုလိုက်ချိန်တွင် ယခုကဲ့သို့ကြေငြာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အာဏာပိုင်များ၏ပြောကြားချက်အရ ယခုတည်ဆောက်မှုသည် ခုနစ်နှစ်ခန့်ကြာမြင့်နိုင်ကြောင်းသိရှိရပြီး ဒေါ်လာ ၁ ဒသမ ၅ ဘီလျံနှင့် ၂ ဘီလျံကြားကုန်ကျနိုင်ကြောင်းခန့်မှန်းထားသည်ဟုဆိုသည်။

အီရန်သည်နျူသဘောတူညီချက်ကို ၂၀၁၅ ခုနှစ်ကလက်မှတ်ရေးထိုးခဲ့ပြီး နျူအစီအစဉ်နှင့်ပတ်သက်၍ ကန့်သတ်လုပ်ဆောင်ရန် အင်အားကြီးနိုင်ငံခြောက်နိုင်ငံနှင့်သဘောတူညီမှုပြုခဲ့သည်။အီရန်အတွက်မူ နျူလက်နက်ရရှိရန်ထက် စီးပွားရေးပိတ်ဆို့မှုဒဏ်မှသက်သာရာရရန်ကပိုခက်ခဲခဲ့သည်။

သို့သော်အမေရိကန်သမ္မတဟောင်းဒေါ်နယ်ထရမ့်သည် ၂၀၁၈ ခုနှစ်တွင်သဘောတူညီချက်ကိုပယ်ဖျက်ကာ အီရန်အပေါ်ပိတ်ဆို့မှုများထပ်မံချမှတ်ခဲ့သည်။သမ္မတ၏အဆိုပါလုပ်ရပ်က တစ်နှစ်အကြာတွင် အီရန်အားနျူသဘောတူညီချက်ကိုစတင်ချိုးဖောက်ရန်အတွက်တွန်းအားဖြစ်စေခဲ့သည်။

သဘောတူညီချက်အရ အီရန်အနေဖြင့်နျူလက်နက်အား လျှို့ဝှက်ထုတ်လုပ်ခြင်းမျိုးမလုပ်ရန်ကန့်သတ်ထားသည်။သို့သော် အီရန်ကမူ၎င်းအနေဖြင့် အဏုမြူဗုံးသာတီထွင်ရန်ကြိုးစားခြင်းဖြစ်သည်ဟုဆိုသည်။

မည်သို့ပင်ဖြစ်စေသဘောတူညီချက်ပျက်ပြယ်သွားပြီးနောက် အီရန်သည်၎င်း၏ Fordo စက်ရုံအားပြန်လည်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့သည့်လကလည်း အဆိုပါစက်ရုံ၌ သန့်စင်သောယူရေနီယံကို ၆၀ ရာခိုင်နှုန်းအထိ စတင်ထုတ်လုပ်နေပြီဟုလည်းပြောကြားခဲ့သည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here