လှိုင်သာယာမြို့နယ်ရှိ တံတားနှစ်စင်းတွင် နာရီပိုင်းသာခြား၍ ယာဥ်မတော်တဆမှုများဖြစ်ပွား ၁ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

0
173

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်ရှိ ဘုရင့်နောင်တံတားအမှတ်(၂)နှင့်အောင်ဇေယျတံတားအ ဆင်းတို့တွင် ဒီဇင်ဘာ ၄ ရက်ညပိုင်းက နာရီပိုင်းသာခြား၍ ယာဥ်မတော်တဆမှုနှစ်ခုဖြစ်ပွားခဲ့သည်ဟု ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ သိရသည်။

ယင်းနေ့ည ၈ နာရီခွဲကျော်ခန့်က ဘုရင့်နောင် တံတားအမှတ်(၂)၏ လှိုင်သာယာအဆင်းဘက်ခြမ်းတွင် ထော်လာဂျီယာဥ်အား နောက်မှလိုက်လာသည့် ကားတစ်စီးကတိုက်သွားခဲ့သဖြင့် ထော်လာဂျီပေါ်တွင်လိုက်ပါလာသူတစ်ဦးမှာပြုတ်ကျ၍ တံတားဘောင်တန်းနှင့်သံကြိုးကြားတွင် ခေါင်းညပ်ကာ သေဆုံးသွားခဲ့သည်။

ဖြစ်စဥ်အား သတင်းအရ ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းက လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ သယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ထော်လာဂျီပေါ်၌ လိုက်ပါလာသည့် အမျိုးသမီးတစ်ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် အရေးပေါ်ပြုစုကုသပေးပြီးနောက် လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။

ထို့အတူ ည ၁၀ နာရီခွဲခန့်တွင်လည်း လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်ရှိ အောင်ဇေယျတံ တားအဆင်း(လှိုင်သာယာဘက်ခြမ်း)တွင်လည်း ကားတိုက်မှုဖြစ်ပွားကာ ကားမောင်းသူတစ်ဦးခေါင်းခန်းအတွင်းညပ်သွားခဲ့သည်။

ထို့ကြောင့် ရွှေရောင်သမိုင်းအရေးပေါ်ကယ်ဆယ်ရေးနှင့်လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းမှ လှိုင်သာယာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်အတူ ညှပ်နေသူအား ကယ်ထုတ်ပေးခဲ့ကြသည်။

ထို့နောက် အရေးပေါ်ပြုစုကုသမှုများပြုလုပ်ပေးခဲ့ပြီး လှိုင်သာယာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ရွှေရောင်သမိုင်း


LEAVE A REPLY

Please enter your comment!
Please enter your name here